Ep....27

148 18 2
                                    

Zawgyi

Beakhyunဆိုတဲ့ ကောင်လေးက Chanyeolနဲ့ မပက်သတ်ချင်ဘူးလို့ ပြောလိုက်တယ်တဲ့လား .....
မယုံနိုင်ပေ။ထိုနေ့က မျက်လုံးတွေကို သူလုံးဝမမေ့ဘူး....
Chanyeolအပေါ်ကို ကြည့်တဲ့ မျက်လုံးတွေ ....တချက်ကြည့်လိုက်တာနဲ့ နက်ရှိုင်းတဲ့ အချစ်တစ်ခုကို ခံစားမိပြီးသား...

အခုဟာက ဘယ်လိုဖြစ်လို့လဲ......

"သူကိုယ်တိုင် ပြောတာရော ဟုတ်ရဲ့လား"

"ဟုတ်ပါတယ်....ပြီးတော့ သူကလက်ထပ်တော့မှာလဲ ပြောတယ်"

"လက်ထပ်မှာ ဘယ်သူနဲ့လဲ"

"သူ့သူငယ်ချင်း kaiနဲ့တဲ့"

Park သခင်ကြီး ဘာလုပ်ပေးရမှန်းမသိပေ။Chanyeolသာ သိရင် ကျိန်းသေပေါက် တစ်ခုခူဖြစ်မှာ....

ပြီးတော့  ဒီကောင်လေးက တစ်ကယ်ဘဲ လက်ထပ်တော့မှာလား....ဒါဆို Chanyeolကို တကယ်မချစ်လို့လား....
ဝေးနေတာမှ ၁ပတ်ပင်ရှိသေးတာကို.......

အတွင်းရေးမှူးကို သေချာ အကဲခတ်ကြည့်မိသည်။တစ်ခုခုတော့ လွဲနေပြီ......

သူဒီလောက် လူကဲခတ် မညံ့ပါ.....တစ်ယောက်ယောက်က ကြိုးဆွဲနေတာ သူသိသည်။

"ကောင်းပြီ ဒီကိစ္စChanyeolမသိစေနဲ့  ရပြီ သွားတော့"

"ဟုတ်ကဲ့"

Park သခင်ကြီး မလွှင့်ပစ်ရသေးတဲ့ Chanyeolဖုန်းကို အံဆွဲထဲက ထုတ်လိုက်သည်။

Ablumထဲ ဝင်ကြည့်တော့ "ကိုယ်ရဲ့ ပင်လယ်ဖျံလေး"ဆိုတဲ့ နာမည်နဲ့ Beakhyunဆိုတဲ့ ကလေးရဲ့ ပုံတွေချည်းပင်။

နောက်Ablumမှာတော့ နှစ်ယောက်တွဲပုံတွေ.....
နှစ်ယောက်လုံးက လွတ်လပ်စွာ ရယ်မောနေကြသည်။

Chanyeolပြုံးနေတဲ့ ပုံတွေ ကြည့်ပြီး မျက်ရည်ကျမိသည်။
သားအဖ ဆက်ဆံရေး ဆိုပင်မယ့် Chanyeolပြုံးတာ မမြင်ဖူးခဲ့ပေ။သူ့ရှေ့မှာလဲ လုံးဝ မပြုံးပြဖူးပေ။

မိဘတစ်ယောက်မို့ သားသမီးဖြစ်သူကို ဒီလိုလေး ပြုံးနေစေချင်သည်။

parkသခင်ကြီး contactထဲ ဝင်တာ Beakhyunဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"ဟယ်လို"

"Beakhyunလား"

"ဟုတ်ကဲ့ ဘယ်သူလဲ မသိဘူးဗျ့"

"ငါ Chanyeol အဖေ"

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now