Zawgyi
Chanyeol အိမ်ရောက်တဲ့အထိ အပြုံးတွေ မရပ်နိုင်သေး....သူတို့မိသားစုသာ ဒီလိုနေရာလေးမှာ နေတယ်ဆိုရင် ဒီလိုဘဲ နွေးထွေးတဲ့ မိသားစုလေး ဖြစ်လေမလား....
ဒီလိုသာဆို Parkသခင်ကြီးဆီက " သား"ဆိုပြီး နူးနူးညံ့ညံ့လေး အခေါ်ခံရလေမလား.....သူကလဲ "ဒယ်ဒီ"ဆိုတဲ့ နာမ်စားလေးကို ပိုသဘောကျမိမှာ....ပြီးတော့ မာမီလဲ နောက်ဆုံးချိန်ထိ ပျော်ရွင်တဲ့ အမျိုးသမီး တစ်ယောက် ဖြစ်မှာဘဲ.....အိပ်ယာပေါ် လှဲကာ အတွေးတို့က ပြန့်နှံ့သွားသည်။သူမရခဲ့တဲ့ နွေးထွေးမှုတွေ သူတည်ဆောက်ချင်မိတယ်။
အတွေးထဲ နစ်မြောရင်း အိပ်ပျော်တော့မယ့် အချိန်မှာ ဖုန်းလေးက တုန်ခါလာတာကြောင့် သူဖုန်းကိုင်လိုက်သည်။
"အင်း Kyungsoo"
"Chanyeol ငါပြောစရာရှိလို့ "
"အင်း ပြောလေ"
"ငါ မင်းမှာထားတာတွေ လာပို့လို့ အဆင်မပြေလောက်တော့ဘူး....မင်းဒယ်ဒီလူတွေ ငါ့နောက် လိုက်နေကြတယ်"
Chanyeolအိပ်နေရင်းက ထထိုင်လိုက်သည်။
"အင်းပေါ့ မင်းတော့ ငါရှိနေတဲ့ နေရာ သိမှာဘဲ ဆိုတာ ခန့်မှန်းမိမှာဘဲလဲ........ပစ္စည်းတွေကို ငါဘဲ လာယူလိုက်တော့မယ်"
"အဆင်ပြေလို့လား မင်းကို တွေ့သွားရင်ရော"
"မင်းနောက်ကို လိုက်တယ်ဆိုကတည်းက ငါ့ကို ဆိုးလ်အနှံ့မှာ ရှာပြီးပြီ ....မတွေ့လို့သာ မင်းနောက်ကို လိုက်နေတာ....ပြီးတော့ ငါ့ကို ရှာဖို့ မင်းကို ပိုအာရုံစိုက်မှာ အဲ့ဟာကွက်ကနေ ငါမမိအောင် ရှောင်လို့ရတယ်"
"အင်းပါ အဆင်ပြေသလို လုပ်ပါ ပစ္စည်းတွေက ငါ့အိမ်မှာ အကုန်ရှိနေပြီ ငါ့အိမ်နားမှာလဲ မင်းဒယ်ဒီ လူတွေ ရှိနေတော့ မြှားခေါ်သွားမှ အဆင်ပြေလောက်မှာ မင်းဘယ်နေ့လာမလဲ ငါစီစဉ်ထားဖို့ "
"ငါသဘက်ခါ တတ်ခဲ့မယ် "
Kyungsooနဲ့ ဖုန်းဆက်ပြီးနောက် အိပ်ယာပေါ် ပြန်လှဲချလိုက်သည်။ဆိုးလ်ကို ခြေမချချင်ပင်မယ့် ပြန်ပြီး ခြေချရအုံးမှာဘဲ။အမြန်ချောပို့နဲ့ ပို့ခိုင်းပြန်ရင်လဲ ပိုတောင် ရိပ်မိနိုင်သေးတယ်။ဆေးခန်းဖွင့်ဖို့ကလဲ Kyungsooဆီက ဆေးတွေနဲ့ ပစ္စည်းတွေ မယူလို့ မရပေ။