Zawgyi
မနက် Chanyeolနိုးနိုးချင်း သူ့ဘေးမှာ အိပ်ပျော်နေတဲ့ Beakhyunကို မြင်လိုက်ရတော့ စိတ်ထဲ ကြည်နူးသွားသည်။အချစ်ဆ်ုတာ ဒါပါလား ဆိုပြီး ရေရွတ်မိသည်။
နှစ်ဦးနှစ်ဖက် အပြန်အလှန် အချစ်မဟုတ်သော်လည်း ကိုယ်က ချစ်နေရရင်ဘဲ လိပ်ပြာလေးတွေဘဲ ဝဲနေသလို စိတ်ထဲ ကြည်နူးနေမိတာ သဘာဝဘဲလေ........
အိပ်မောကျနေတဲ့ Beakရဲ့ ဆံပင်လေးကို ဖွဖွလေး ထိလိုက်သည်။ပါးဖောင်းဖောင်းလေးများကိုလဲ တလှည့် လက်ညိုးနဲ့ ထိုးကြည့်လိုက်သည်။
နဲနဲ လှုပ်လာတဲ့ beakကြောင့် လက်ပြန် ရုတ်လိုက်သည်။
နိုးလာတာတော့ မဟုတ်ပေ။ဒါကြောင့် စောင်သေချာ ခြုံပေးပြီး မနက်စာ လုပ်ဖို့ ထွက်လာလိုက်သည်။သူမီးဖိုချောင်ရောက်တော့ Kyungsooက ပါးစပ်က ပါမုန့်ကိုကိုက်လျက် လက်ကလဲ နွားနို့ဗူး တစ်ဗူးနဲ့ ဆံပင်ကလဲ ပွနေကာ ပရုတ်သုတ်ခဖြစ်နေသည်။
"ဘယ်လိုဖြစ်တာလဲ Kyungsoo"
"အိပ်ရာထ နောက်ကျလို့....ငါသွားပြီနော် မင်းပြန်မယ်ဆို ငါ့ဆီ ဖုန်းဆက်အုံး "
"အေး "
ပရုတ်သုတ်ခနဲ့ ထွက်သွားတဲ့ Kyungsooကို ကြည့်ပြီး ခါင်းခါမိသည်။အမြဲလိုလို အချိန်တိကျပြီး စနစ်ကျတဲ့ Kyungsooတောင် အိပ်ရာထ နောက်ကျနေပြီတဲ့လား....
Kyungsooရဲ့ရေခဲသေတ္တာကို မနက်စာ အတွက် မွှေရပြန်သည်။Kyungsooက အလုပ်များပင်မယ့် ဟင်းချက်တာကို ဝါသနာပါတာမို့ သူ့အိမ်မှာ အစုံဝယ်ထားတတ်သည်။
မနက်စာ ပြင်ဆင်နေတဲ့ အချိန်မှာ Kaiက နိုးလာသည်။
"Kai နိုးပြီလား"
"အင်း kyungsooသွားပြီလား နှုတ်တောင် မဆက်သွားဘူး"
စူပုတ်ပုတ် ပြောနေတဲ့ Kaiကို Chanyeol မသိချင်ယောင် ဆောင်လိုက်သည်။ မဟုတ်ရင် သူ့ဘက် မြှားဦးလှည့်ပြီး အမေးမြန်းထူ စကားများတော့မှာ.....
"Kai မျက်နှာသွားသစ် မနက်စာ စားကြမယ် ငါBeakကို သွားနှိုးအုံးမယ်"
"အင်း"
Chanyeolအခန်းထဲ ရောက်တော့ Beakက အိပ်နေတုန်းပင်။ဖက်ခေါင်းအုံးကိုလဲ တင်းနေအောင် ဖက်ထားတာကြောင့် Chanyeol မနာလိုသလိုတောင် ဖြစ်မိသည်။