Unicode
"Beakhyun ကိုယ်နဲ့ ကာလာတဲ့လူက ကိုယ့်သူငယ်ချင်း
Do Kyungsoo"Chanyeol ပြောပြီး Kyungsooဆီ အမြန်ပြန်ပြေးသွားလိုက်သည်။ဘာလို့ beakhyunကို သွားရှင်းပြမိမှန်းလဲမသိပေ။Beakhyun တစ်မျိုးထင်သွားလေမလားဆိုတဲ့
စိတ်နဲ့ ပြောလိုက်မိတာ .......အားးးးးPark Chanyeol ရူးနေပြီလား...
ဘယ်တုန်းက လူတစ်ယောက်ကို ကိစ္စမရှိဘဲ စကားပြောတတ်သွားတာလဲ........"Chanyeol ခုနက ကောင်လေးက ဘယ်သူလဲ"
kyungsoo သူ့လက်မာင်းကို လှုပ်ကာ မေးတော့မှ အတွေးနယ်က လွတ်မြောက်လာသည်။
"အာ...ငါဒီကို စစရောက်တုန်းက ကူညီပေးတဲ့တစ်ယောက်
သူ့နာမည်က Byun Beakhyunတဲ့ Kaiရဲ့ သူငယ်ချင်းလေ""အော်.... မင်းနဲ့အတော်လေးရင်းနှီးတဲ့ပုံဘဲ"
"အမ် "
"ဟုတ်တယ်လေ ငါက သူငယ်ချင်းပါဆိုပြီးတောင် သွားရှင်းပြတာဆိုတော့"
Kyungsooရဲ့ အမှုစစ်မျက်လုံးကို Chanyeol ရအောင် ရှောင်လိုက်သည်။Kyungsooက ဆရာဝန်ဆိုပင်မယ့်
အမှုစစ်တစ်ယောက်လိုဘဲ.....Kyungsooကိုဘာမှ လိမ်လို့မရ....လျှို့ဝှက်ထားရင်တောင် မရရအောင် မေးတတ်သည်။"မဟုတ်ပါဘူး ဒီအတိုင်း ဟို....ဟို အာ.....kyungsooမင်းရေညှိ ကြိုက်တယ်မလား ....ဒီက ရေညှိက လက်ဆတ်တယ် လာ....."
Kyungsooလက်ကိုဆွဲကာ ရေညှိတွေ လှန်းနေတဲ့ဆီ ခေါ်သွားလိုက်သည်။Kyungsooကတောပ ရေညှိတွေမြင်ပြီး မျက်လုံးက အသဲပုံတွေ ပေါ်လာသည်။
ဟူးးးးးKyungsoo ဆက်မေးမယ့် မေးခွန်းတွေအတွက် အဖြေ သူ့မှာမရှိပေ။ဘာလို့ဆိုတာတော့ သူလဲမသိပေ.....
Byun Beakhyun ဆိုတဲ့ လူနဲ့ သူနဲ့တွေ့တာ ရက်ပိုင်းလောက်သာရှိသေးပင်မယ့် သူ့စိတ်ကတော့ နှစ်ပေါင်းများစွာ အနားမှာရှိနေဖူးတဲ့လူလို ရင်းနှီးနေသည်။လူစိမ်းနဲ့ဆိုစိတ်ကသိ ကအောက် ဖြစ်တတ်တဲ့ စိတ်က Byun Beakhyunနဲ့ဆို ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိ။"yarrr Park Chanyeol ငါခေါ်နေတာ ကြားလား နားရွက်ကကြီးပြီး နားကျလေးရသလား"
Kyungsooရဲ့ အော်သံကြောင့် သူ့ခမျာ နားအမြန်ပိတ်ရသည်။မဟုတ်ရင် နားထဲက သွေးပါထွက်လာမယ့်ကိန်းရှိတ
ယ်။
![](https://img.wattpad.com/cover/294525808-288-k288020.jpg)