Zawgyi
ဒီနေ့ Kyungsooလဲ ရောက်နေတာမို့ Kaiကပါ ရှိနေတော့ လူစုံနေသည်။Kyungsooလဲ ရှိတော့ ဆရာဝန် နှစ်ယောက်ဆိုတော့ ပိုအဆင်ပြေနေသည်။ရွာအနီးနားက တခြားရွာတွေကပါ Chanyeolတို့ ဆီ ဆေးခန်း လာပြကြတယ်လေ။
ဆေးထိုးရလို့ ငိုနေတဲ့ ကလေးကို Beakက သကြားလုံးကျွေးကာ ချော့နေသည်။ချော့နေတဲ့ Beakကို ပြုံးပြီး ကြည့်နေသူက Chanyeol......
Kyungsooလဲ ချောင်းဟန့်လိုက်သည်။
အဟမ်းးးးးး
"လူနာကို ကြည့် လူနာကိုကြည့်"
"မင်းကလဲကွာ"
သူပြောမှ ရှက်ပြီး လူနာကို ပြန်ကြည့်တဲ့ Chanyeolကြောင့် Kyungsoo ပြုံးလိုက်သည်။သူ့သူငယ်ချင်းက အရင်ကတည်းက နာကျင်မှုတွေ အများကြီး ရခဲ့တဲ့လူတစ်ယောက်...
ဒါ့ကြောင့်မို့ Chanyeolကို ပျော်ရွင်စေချင်တယ်..
နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာအပြည့် လွှမ်းခြုံထားစေချင်တယ်.."အသည်းလေး ဘာတွေပြုံးနေတာလဲ"
"မင်းးးး"
သူ့အနားကပ်ကာ လာပြောတဲ့ Kaiကို စိတ်တိုတိုနဲ့ ရန်ပြန်တွေ့ဖို့ လှည့်လိုက်တော့ မျက်နှာခြင်း နီးကပ်သွားတာမို့ ပြောမယ့် စကားပါ ရပ်တန့်သွားသည်။
ဝုန်းဒိုင်းကြဲနေတဲ့ ရန်ခုန်သံကြောင့်နဲ့ နီးကပ်တဲ့ kaiရဲ့ မျက်နှာကြောင့် အသံတောင် မရှုရဲပေ။Kaiကတော့ သာမန်လိုဘဲ ပြုံးနေဆဲ......ဒီကောင် ဘယ်လောက် ပွေခဲ့တာလဲ
"လူရှုပ်ကောင်"
Kai သူ့ကို လူ့ရှုပ်ကောင်လို့ ခေါ်ပြီစ လှည့်ထွက်သွားတဲ့ ပင်ဂွင်းလေးကို ကြည့်ပြီး ရယ်လိုက်သည်။ရှက်သွားတာလေးက အသဲယားစရာလေး........
"Yeol အနောက်က ကြက်ဥလိပ်ကြော်လေး သွားယူခဲ့ပါအုံး"
"အွန်းး"
ရည်းစားခိုင်းတာနဲ့ ချက်ချင်း လုပ်တဲ့ Chanyeolပါလေ
ညစာ စားဖို့ ပြင်ဆင်နေကြခြင်းပေ။Chanyeolကတော့ ဒီလို ထမင်းလက်ဆုံ စားရတဲ့ အချိန်လေးတွေ ပြင်ဆင်တဲ့ အချိန်လေးတွေကို တန်ဖိုးထားသည်။သူ့အတွက် နွေးထွေးသလို ခံစားရသည်။