Zawgyi
Chanyeol တစ်ယောက် အရှေ့က ကော့ကော့ ကော့ကော့ သွားနေတဲ့ beakhyunနောက်ကို အထုတ်တွေနဲ့ လိုက်ရသည်။ တော်တော်ဝေးဝေး လမ်းလျှောက်ပြီးမှ ခြံလေး တစ်ခုဆီ ဝင်ရတော့သည်။ ခြံတံခါးအပေါ်ဘောင်လေးကို Beakhyunက အေးဆေး ဝင်သွားလို့ ရပင်မယ့် သူကတော့ ခေါင်းတော်တော်ငုံ့ရသည်။
Chanyeol ဘေးပတ်ဝန်းကျင်နဲ့ အိမ်လေးကို အကဲခတ်မိတော့ သူအိမ်နဲ့ ယှဉ်ရင်သေးတယ် ဆိုပင်မယ့် သေသေသပ်သပ်လေးဖြစ်သည်။ ခြံထဲမှာ ကွက်ပျစ်လေး တစ်ခုရှိပြီး ခြံထောင့်လေးမှာလဲ ပန်းအိုးလေးတွေ စိုက်ထားသည်။
"အဖွားရေ.....အဖွားရေ....."
Chanyeol သူ့ထက်၂နှစ်ကြီးတယ် ဆိုတဲ့ ပေါက်စရဲ့ အသံကြောင့် အထုတ်တွေ ချကာ နားပါ ပိတ်ပစ်လိုက်ရသည်။
ပြဲလိုက်တဲ့ အသံ......"အဲ့မှာ ထိုင်အုံး ငါ အဖွား သွားခေါ်အုံးမယ်"
Beakhyunက ကွက်ပျစ်ဆီ မေးငေါ့ပြရင်း အိမ်ထဲဝင်သွားသည်။ သူလဲ ညောင်းကိုက်နေတဲ့ ခြေထောက်ကြောင့် ကွက်ပျစ် ပေါ်ထိုင်ကာ အညောင်းဖြေနေလိုက်သည်။
"ဟဲ့ ဘယ့်နှယ့် ဘယ်လိုတွေ လုပ်နေတာလဲ "
"အဖွားကလဲ နမ်းချင်လို့ကို "
"အယ် ဒီကလေး နံနံစော်စော်နဲ့ ဖယ်စမ်းပါ ...အော် ဧည့်သည့်ပါတာလား"
ခနနေတော့ အဖွားတစ်ယောက်နဲ့ beakhyun ပြန်ထွက်လာသည်။ ခုနက အဖွားဟု အော်ခေါ်နေတာကြောင့် beakhyun အဖွားဖြစ်မှန်း သိလိုက်သည်။ အဖွားဖြစ်သူကို ဖက်ပြီး နမ်းရှုံ့နေတဲ့ beakhyunကို ကြည့်ပြီး သူအားကျချင်သလို တောင် ဖြစ်သွားသည်။
"တွေ့ရတာ ဝမ်းသာပါတယ် အဖွား ကျွန်တော်နာမည် Park Chanyeolပါ"
"အော် အေးပါကွယ် ထိုင်အုံး အဖွား မုန့်လေး သွားယူပေးမယ်"
" ရတယ် အဖွား ...သွားယူမနေနဲ့ သားအခု သူ့ကို ရွာလူကြီးအိမ် သွားပို့ပေးမှာ"
အဖွားရဲ့ လောကွက်လုပ် ပျူငှာမှုကို ကန့်ကွက်သူက Beakhyun ပင်။ အဖွားကို သူ့ကို မျက်စောင်းထိုးတာကြောင့် beakhyun ငြိမ်သွားရသည်။
"ခနနားပါအုံး ကောင်လေးကြည့်ရတာ ပင်ပန်းလာတယ် ထင်တယ် အဖွားအိမ်ရောက်ပြီးမှတော့ တစ်ခုခုစားသွားပါကွယ်"