Zawgyi
မင်္ဂလာရက်လဲ နီးလာပြီမို့ ပြင်ရဆင်ရ အလုပ်ရှုပ်လွန်းလှသည်။အကျီချုပ်ဖို့တွက် ဒီဇိုင်နာဆီပြေးရ ဟိုတယ်တွေငှားရ အစားအသောက်ကိစ္စတွေ ဖိတ်စာတွေ ဖိတ်မယ့်လူစာရင်းတွေပြင်ရဆင်ရနဲ့မို့ နှစ်ယောက်လုံး ပင်ပန်းနေကြသည်။
"အကျဉ်းဘဲ ချုံးပါမယ်ဆို "
Beakက ဖိတ်စာဒီဇိုင်းရွေးပြီး ပြန်အလာ မျက်လုံးလေး မှ်တ်ကာ ညီးသည်။
"Beakကလဲ တစ်သက်မှ တစ်ခါထဲ ဆောင်ရတာကို...ပြီးတော့ ကိုယ်က Beakကို ခမ်းခမ်းနားနားနဲ့ လက်ထပ်ချင်တာ
ပကာသနဆိုတာထက် ယောကျာ်းတယောက်ရဲ့ အချစ်က မင်္ဂပွဲလေ မင်္ဂလာပွဲကို ခမ်းခမ်းနားနားလုပ်ပေးနိုင်တဲ့ ယောကျာ်းက သူလက်ထပ်မယ့်သူကို တန်ဖိုးထားတဲ့သဘောလို့ ကိုယ်တော့မြင်တယ်.......အဲ့တာကြောင့် Beakကို တန်ဖိုးထားကြောင်း သိစေချင်တာ""စကားတတ်လိုက်တာ ဆရာဝန်ကြီးရယ်.....အရှုံးပေးပါတယ်...ဟွန့် အခုလက်စွပ်သွားရွေးရမှာမလား မောင်းတော့......ပြီးရင် တခုခုလိုက်ကျွေးတော့ "
"ဟုတ်ပါပြီဗျ့ သဘောအတိုင်းပါဘဲ.....ဗိုက်ဆာနေပြီဆို တခုခုအရင် သွားစားကြမလား"
"ဟင့်အင်း ရသေးတယ် လက်စွပ်ဘဲ အရင်သွားရွေးမယ်"
"အမိန့်တော်အတိုင်းပါဘဲဗျာ"
လက်စွပ်ရွေးတော့ ဂျီးများတဲ့ လူက Chanyeolပင်။ဟိုလိုဟာ ဒီလိုဟာနဲ့ နောက်ဆုံး စိတ်တိုင်းကျမရလို့ ဒီဇိုင်းပြောပြပြီး အပ်ခဲ့ရသည်။
ပြီးတာနဲ့ Beakက ဟော့ပေါ့စားချင်တယ် ဆိုသောကြောင့် ဟော့ပေါ့ဆိုင် ရောက်လာသည်။
သူ့ရှေ့မှာ အားရပါးရ စားနေတဲ့ ကောင်လေးကို ကြည့်ပြီး သူ့အပိုင်ဖြစ်တော့မှာကို မယုံနိုင်သေး။
"ဖြည်းဖြည်းစားပါကွာ"
Chanyeolပြောရင်း ပါးစပ်သုတ်ပေးလိုက်သည်။Beakရဲ့ အကျင့်တခုက စားနေတဲ့အချိန်ကတော့ သူ့ကို ရန်စရင်တောင် ရန်ပြန်မတွေ့တတ်ပေ။စကားလဲ သိပ်မပြောဘဲ အစားကိုဘဲ စားတတ်တဲ့အကျင့်လေး.....အစာစရှေ့ရောက်ရင် အကုန်မေ့တာ.....