Unicode
Chanyeolတို့ နေ့လည် ၂နာရီမှ နေ့လည်စာ စားရသည်။
ပထမဆုံး ရွာမှာ ဖွင့်တဲ့ ဆေးခန်းမို့ လူကလဲ များလှသည်။
နောက်ကျရင်တော့ ပုံမှန်ဖြစ်သွားမှာပါ။"Beak ပင်ပန်းနေပြီလား"
သူ့နှင့်အတူ တစ်မနက်လုံး အလုပ်လုပ်နေသည့် Beakကို သူလှမ်းမေးလိုက်သည်။
"မပင်ပန်းပါဘူး ပျော်တောင် ပျော်သေးတယ်......ဆရာဝန်မဟုတ်ပါဘဲ ဒီအတိုင်းလေး လူနာတွေကို ဂရုစိုက်ရနဲ့တင် ပျော်ဖို့ကောင်းနေပြီ.....ဆရာဝန်တွေပြောတဲ့ ပီတီကို စားတယ် ဆိုတာ ဒါမျိုးဖြစ်မယ်နော်"
"ဟုတ်တာပေါ့ Beakရဲ့ ကိုယ်ဆရာဝန်ဖြစ်ချင်ခဲ့တာလဲ ဒီအချက်ကြောင့်ဘဲ......နာမည်ကြီး ဆေးရုံတွေမှာ အလုပ်လုပ်ရတာထက် တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ကိုယ်က ဆရာဝန်လုပ်ချင်တာ......ကိုယ်ကုသပေးလိုက်လို့ ကောင်းသွားတဲ့ လူနာတွေ ကျန်းမာသွားတဲ့ လူနာတွေကို တွေ့ရင် သိပ်ကို ပျော်ရွင်ရတယ်"
Beak ပြုံးပြီး ကြည့်နေမိသည်။Chanyeolက ဆရာဝန် ကုတ် အဖြူလေးနဲ့သိပ်လိုက်ဖက်သည်။စိတ်ထားကလဲ ကောင်းလိုက်တာ....ဒီလိုလူကိုမှ သူက စစတွေ့ခြင်း လူဆိုးလို့ ထင်မိသေးတယ်.....ရယ်တော့ ရယ်ရသား
"ကိုယ့်ကို ဘာတွေ ပြုံးကြည့်နေတာလဲ Beak"
"မဟုတ်ပါဘူး Chanyeolရဲ့ စိတ်ထားလေး သဘောကျလို့"
"စိတ်ထားဘဲလား လူရော"
"လူကတော့ တော်ပါပြီ စဉ်းစားအုံးမယ် စားတော့ ထမင်းကို"
ရှက်ရှက်နဲ့ ခေါင်းငုတ်ကာ ထမင်းစားနေတဲ့ Beakရဲ့ ဆံပင်လေးကို Chanyeol အသာလေး ဖွလိုက်သည်။
မင်းရှိရင် ရပြီ........နေ့လည်စာ စားပြီးတာနဲ့ လူနာတွေ ထပ်ရောက်လာသည်။
ရွာသူကြီးကလဲ အစစ အရာရာ ကူညီပေးသည်။
ရွာက လူတွေကလဲ သူ့ကို ကျေးဇူးတင်ကြောင်း တဖွဖွပြောသည်။"Kai မင်းက ဘာဖြစ်တာလဲ"
လူနာတွေထဲ Kaiပါလာတာမို့ Chanyeol အံသြသွားသည်။ကျန်းမာသွက်လက်နေတဲ့ လူငယ်တစ်ယောက်က ဘာဖြစ်လို့ပါလိမ့်။Beakကို လှမ်းကြည့်တော့ မဲ့ပြသည်။