Harutoမနက်အစောကြီးနိုးနေတာနဲ့မျက်နှာသစ်ပြီးJeongwooကိုနှိုးဖို့ကုတင်ဘေးနားသွားကာ jeongwooကိုနှိုးဖိုးလုပ်လိုက်တယ်..အိပ်နေတုန်းဖြစ်တဲ့jeongwooကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတယ်ထင်ပါရဲ့ အိပ်နေတာများအခုချိန်သူ့ကိုတစ်ခုခုလုပ်သွားရင်တောင်သိမှာမဟုတ်ဘူး (ရှင်ကဘာလုပ်ချင်လို့လဲ)
နှိုးမလို့ပေမယ့်မနှိုးရက်လို့ဘေးနားမှာထိုင်ပြီးjeongwooကိုထိုင်သာကြည့်နေလိုက်တယ်''အိပ်နေတဲ့ပုံလေးကလဲကြည့်အုန်းကလေးလေးကျနေတာပဲ ''
''ဒီလောက်ချစ်ဖို့ကောင်းအောင်အိပ်နေမှတော့ ငါမကြိုက်မိအောင်ဘယ်လိုထိန်းနိုင်တော့မှာလဲကွာ ''
harutoလဲ နှဖူးပေါ်ဝဲကျနေတဲ့ jeongwooရဲ့ဆံပင်တိုလေးတွေကိုသက်တင်ပေးပြီးအပြင်ထွက်လာလိုက်တယ်..ခဏနေမှလာနှိုးတော့မယ် အိပ်မောကျနေသူကိုမနှိုးရက်ဘူး
အခန်းရှေ့ လမ်းလေးခဏပတ်လျှောက်ပြီးမှjeongwooကိုနှိုးမယ်ဆိုပြီးအခန်းထဲဝင်လိုက်တော့သကောင့်သားကအိပ်ယာပေါ်မှာ ဆံပင်စုပ်ဖွားလေးနဲ့ထိုင်နေပြီး နှဖူးကိုပွတ်ပြီးတစ်ခုခုသယောင်။
''Park jeongwoo နိုးနေတာကိုမျက်နှာမသစ်ပဲ ဘာလို့ထိုင်နေတာ''
''ငါညကအိမ်မက်မက်တယ် ငါ့နှဖူးကိုတစ်ယောက်ယောက်နမ်းသွားလို့တဲ့ ''
''အ..အမ်''
harutoအိုးမလုံအုံပွင့်တွေဖြစ်ပြီး ထိုင်မရထမရ။''နှဖူးကိုထိလိုက်တဲ့အထိအတွေ့က တငယ်ထိလိုက်သလိုပဲ အပြင်မှာလိုလို အိမ်မက်လိုလိုမသဲကွဲဘူး ''
''မင်းအိမ်မက်မက်နေတာနေမှာပါ အပြင်မှာမင်းကိုဘယ်သူနမ်းမှာလဲ ဒီအခန်းထဲမင်းနဲ့ငါနှစ်ယောက်ပဲရှိတာလေ ငါကနမ်းတယ်ထင်လို့လာဝေးသေး ''
(ဆရာသမားရုပ်တည်ကြီးနဲ့လိမ်ပြီ)''အင်း အိမ်မက်ပဲဖြစ်မှာပါ ရေသွားချိုးတော့မယ် ''
''အင်း..မြန်မြန်ချိုး ငါစောင့်နေမယ် ''
''ဘာလို့စောင့်မှာလဲမလိုဘူး..ငါ့ဘာသာလာနိုင်တယ် ''
'' ငါလဲစောင့်ချင်လို့စောင့်တယ်များထင်နေလား ဆရာကငါတို့ကိုတွဲဖက်လုပ်ထားတာနော် အတူမလာရင်ငါအဆူခံရမှာပေါ့ ''
YOU ARE READING
The most beloved opponent
Fanfiction''ဘဝင်မြင့်မနေနဲ့အုန်းပတ်ဂျောင်ဝူး ငါကမင်းကိုကယ်ချင်လို့ကယ်တယ်များထင်နေလား..မင်းသေရင်ငါပြိုင်စရာလူမရှိမှာဆို့လို့ '' ''အဲ့တာဆို ဘာလို့လာကယ်နေသေးလဲငါသေအောင်ထားခဲ့လိုက်ပါလား..ဒါဆိုမင်းအေးဆေးနေလို့ပြီလေ မင်းနဲ့လိုက်ပြိုင်တဲ့သူမရှိတော့ဘူးပေါ့ '' '' အဲ့လ...