10🦋🐺

220 41 6
                                    

jungwan: :''ဟာရူတိုမင်းကတော့....''

''တော်တော့..မင်းတို့မနေ့ကအကြောင်းပဲပြောမှာမလား..ပါးစပ်ပိတ်ထားလိုက်တော့ ''
တကယ့်ကောင်တွေ ထိုင်တောင်မထိုင်ရသေးဘူး စာသင်ခန်းအပေါက်ဝပဲရှိသေးတယ် ဘယ်တုန်းထဲကစကားပြောဖို့စောင့်နေလဲမသိဘူး ဝင်လာတာနဲ့ပေါက်ပေါက်ဖောက်ကြတော့တာပဲ

jihoon: :''မင်းမနေ့က တကယ်မိုက်တာ ''.

'' ချီးကိုမိုက်တာလား..စိတ်ရှုပ်နေရတဲ့ထဲ ''

mashiho: :'' အခုမှစိတ်ရှုပ်မနေနဲ့..မင်းဘာသာနမ်းတုန်းကနမ်းပြီးတော့အခုမှဘာလာဖြစ် ''

jungwan: :''အေး..ငါမေးချင်နေတာ မင်းဘာလို့Park jeongwoo ကိုနမ်းလိုက်တာလဲ.မင်းပြိုင်ဘက်ဆိုတာကိုမေ့သွားတာလား ''

''ကျစ်..မသိတော့ဘူးကွာ ငါလဲမနမ်းမိအောင်အတန်တန်ထိန်းထားရက်နဲ့ ဘယ်လိုနမ်းမိလိုက်မှန်းကိုမသိတာဟေးး..စိတ်ဆင်းရဲတယ် မမေးကြနဲ့တော့ ''

Jungwan: :''အေးပါ မမေးတော့ဘူး ဒါပေမယ့်လိုင်းတက်ကြည့်လိုက်ငါ ပုံပို့ထားတယ်ခုနလေးတင် ''

''ဘာပုံလဲ ''

Jungwan::'' ရှည်တာ ဝင်ကြည့်လိုက်ပေါ့ဟ ''
harutoလဲဝင်ကြည့်လိုက်တော့ မနေ့ကနမ်းနေတဲ့ပုံကိုjungwanမှပို့ထားချင်းဖြစ်သည်..အာ..နှစ်ရက်ဆက်တိုက်ဒီပုံတွေကြီးမြင်နေရတာ အဆင်ပြေမနေဘူးနော် ဟူးးး

''အာ..Jungwan ဘာလို့ဒီပုံကြီးလာပို့ထားတာလဲကွာ ''

Jungwan: :''မင်းကြည့်ချင်ရင်စိတ်ကြိုက်ကြည့်လို့ရအောင်လို့ စေတနာနဲ့ပို့ပေးတာ ''

'' မင်းကိုတော့တကယ်မနိုင်ဘူး စိတ်လေတယ်''
harutoလဲ ထိုငမိုက်သားကိုဘာမှဆက်မပြောနေတော့ပဲ ခုနကပုံဆီကိုသာအာရုံပြန်ပို့လိုက်တယ်...ဓာတ်ပုံကိုကြည့်နေရင် လက်ကsaveဆိုတာကိုနှိပ်ပြီး ဓာတ်ပုံကိုsaveလိုက်မိသွားတယ်

''ဟင်..ဘာလို့saveလိုက်တာလဲ တကယ်ပါပဲကွာ ငါ့စိတ်တွေတင်မူမမှန်တာမဟုတ်ဘူး လက်တွေကပါမူမမှန်တော့ဘူးထင်တယ် ငါစိတ်မပါဘဲ ငါ့ခန္တာကိုယ်ကသူ့ဘာသာကိုလုပ်နေတော့တာပဲဟ...ဟူးး ''

Mashiho: :''ဘာတွေတစ်ယောက်ထဲ မူမမှန်တာလဲ ''

''ဘာမှမဟုတ်ဘူးဟေးးစပ်စုလိုက်ကြတာ ''

The most beloved opponentWhere stories live. Discover now