ဒီနေ့ဟာရူတိုမတရားတွေပျော်နေပါသည်။ဘာလို့ဆိုဒီနေ့ကဆေးရုံကဆင်းရမဲ့နေ့လေ။ဆေးနံ့ပေါင်းစုံမွှန်ထွန်နေတဲ့ဆေးရုံမှမနေချင်တော့ဘူး baby bowderနံလေးသင်းနေတဲ့ဂျောင်ဝူးရင်ခွင်ထဲပဲနေချင်တော့တာ..နောက်ပြီးဂျောင်ဝူးနဲ့လဲအတူနေရတော့မှာလေhyungကခွင့်ပြုလိုက်ပြီ..အတူနေရဖို့ကိုအကုန်လုံးပေါင်းပြီးဝိုင်းပြောလိုက်ရတယ်။
အိမ်ရောက်ရင်ဂျောင်ဝူးနဲ့အတူထမင်းစားမယ်..ရုပ်ရှင်လဲအတူတူကြည့်မယ်..ဂျောင်ဝူးအလုပ်လုပ်နေတာကိုလဲဘေးနားကနေတစိမ့်စိမ့်ထိုင်ကြည့်မယ်..တစ်ခန်းထဲအတူနေမယ်..တစ်ကုတင်ထဲအတူအိပ်မယ်..စောင်တစ်ထည်ထဲကိုလဲအတူခြုံမယ်..ဟိဟိ တွေးကြည့်ရုံနဲ့တင်ပျော်နေပြီ ဂျောင်ဝူးရေ။harutoကသူ့ဘာသာတွေးချင်ရာတွေးပြီးပြုံးနေတာကြောင့်ဂျောင်ဝူးကမေးလိုက်တယ်။
''မောင့်..ဘာတွေတွေးပြီးတစ်ယောက်ထဲပြုံးနေတာလဲ''
''jeongwooနဲ့အတူနေရမှာကိုတွေးပြီးပြုံးမိသွားတာ ''
''အော..''
''jeongwoo ''
''အင်း ''
''ပျော်လား..မောင်နဲ့အတူနေရမှာကို ''
''အင်...ပျော်ပါတယ် ''
''ပြောနေတဲ့ပုံစံကသိပ်မပျော်သလိုပဲ ''
''မဟုတ်ပါဘူး ပျော်ပါတယ် ပျော်တစ်ဝက်ကြောက်တဝက်''
''ဘာကိုကြောက်တာလဲ ''
''မောင်ရဲ့တစ်ဇွတ်ထိုးတစောင့်ကန်းနဲ့လက်ရဲဇက်ရဲနိုင်တာကိုလေ''
''အို..ဖြည်းဖြည်းပြောပါကွာ ''
''မောင် ပြောထားမယ်နော် တစ်ခုခုလုပ်မယ်ဆိုကြိုပြောနော် ဗြုံးစားကြီးလာလာမလုပ်နဲ့''
''တစ်ခုခုဆိုတာ? ''
''နမ်းတာတို့..ဖက်တာတို့ကိုပြောတာလေ''
''အော.မသိပါဘူး မောင်ထင်တာက ဟို...''
''ဘာလဲဘာလဲ..မောင့် ပေါက်ကရတွေလျှောက်မတွေးနဲ့နော် ''
''မောင်ထင်တာလဲနမ်းတာကိုပဲလို့ပြောမလို့ပါ ခင်ဗျားလေးကသာဘာတွေလျှောက်တွေးနေတာလဲ ''
YOU ARE READING
The most beloved opponent
Fanfiction''ဘဝင်မြင့်မနေနဲ့အုန်းပတ်ဂျောင်ဝူး ငါကမင်းကိုကယ်ချင်လို့ကယ်တယ်များထင်နေလား..မင်းသေရင်ငါပြိုင်စရာလူမရှိမှာဆို့လို့ '' ''အဲ့တာဆို ဘာလို့လာကယ်နေသေးလဲငါသေအောင်ထားခဲ့လိုက်ပါလား..ဒါဆိုမင်းအေးဆေးနေလို့ပြီလေ မင်းနဲ့လိုက်ပြိုင်တဲ့သူမရှိတော့ဘူးပေါ့ '' '' အဲ့လ...