'' အား..''
''ဘာဖြစ်ရပြန်တာလဲ park jeong wooရာ ''
''ညောင်းလို့..ရှာနေတာ၂နာရီရှိနေပြီ အလံ၃ခုပဲရသေးတယ်..နာရီဝက်ပဲကျန်တော့တယ် နောက်တစ်ခုဘယ်လိုရှာမလဲလို့ ''
''မင်းအဲ့လို့စကားများနေတာနဲ့အချိန်ပြည့်တော့မယ် ရှာစမ်းပါ နားငြီးတယ် မြန်မြန်လျှောက် ''
ပုံမှန်အသံထက်နဲနဲလေးကျယ်ပြီးအော်လိုက်တော့အကောင်ပေါက်ကပါးစပ်လေးပိတ်ပြီးသာ အနောက်ကလိုက်လာသည်..harutoကအနောက်ကjeongwooကိုလှည့်ကြည့်မနေတော့ပဲ မြန်မြန်သာလျှောက်လိုက်တယ်..အချိန်ပြည့်တော့မှာမို့မြန်မြန်နောက်အလံတစ်ခုရှာရမယ်လေ
''အာ...သေပါပြီ ''
'' ကျစ်..ဘာဖြစ်ရပြန်တာလဲကွာ ''
''နောက်တခေါက်ဂျောင်ဝူးအော်သံကြားတော့ ဘာဖြစ်ပြန်ပြီလဲဆိုပြီးနဲနဲဟောက်ဖို့အနောက်လှည့်လိုက်တော့ချစ်ရသူကမြေကြီးပေါ်ထိုင်လျှက်သားခြေထောက်လေးကိုင်ပြီး မျက်နှာလေးရှုပ်မဲ့နေတာတွေ့တော့ စိုးရိမ်သွားပြီချစ်ရသူစီအပြေးသွားလိုက်တယ်
Jeongwoo Pov::ချီး...မြန်တာ ဟာရူတိုငါ့နားဘယ်လိုများရောက်လာတာလဲ ခြေထောက်မှာစက်များတပ်ထားသလားပဲ
(အချစ်ရဲ့စွမ်းအင်တွေပေါ့ မောင်လေးရယ် ခစ်..ခစ်)''ဘာဖြစ်တာလဲ ဟမ်''
''ခြေခေါက်သွားတာ ''
''ကျစ်..မင်းကွာ အမြဲနမော်နမဲ့နဲ့ ''
''အဲ့တာမင်းကြောင့်လေ မင်းကအမြန်လျှောက်ခိုင်းတာကို အဲ့တာကြောင့်ခြေခေါက်သွားတာ ''
''အော်..အဲ့တော့ငါ့အမှားပေါ့ ''
''အင်းဟုတ်တယ် ''
''ဟင်းးဟုပါပြီ..ဟုပါပြီ ငါ့ကြောင့်ပါ မီးယားနဲ..ပြပါအုံး ဘာဖြစ်သွားသေးလဲ ''
ခြေထောက်ကိုဘာမပြောညာမပြောနဲ့ကိုင်တာကြောင့် jeongwooလက်ကိုပုတ်ထုတ်ရသည်
''ခြေထောက်ကိုမကိုင်နဲ့လေ ငရဲတွေကြီးကုန်တော့မယ် ''
''အခုမှငရဲကြီးမှာလာကြောက်နေတယ် ငါ့ကိုပြန်အော်တာ ကြငရဲမကြီးဘူးပေါ့ ''
YOU ARE READING
The most beloved opponent
Fanfiction''ဘဝင်မြင့်မနေနဲ့အုန်းပတ်ဂျောင်ဝူး ငါကမင်းကိုကယ်ချင်လို့ကယ်တယ်များထင်နေလား..မင်းသေရင်ငါပြိုင်စရာလူမရှိမှာဆို့လို့ '' ''အဲ့တာဆို ဘာလို့လာကယ်နေသေးလဲငါသေအောင်ထားခဲ့လိုက်ပါလား..ဒါဆိုမင်းအေးဆေးနေလို့ပြီလေ မင်းနဲ့လိုက်ပြိုင်တဲ့သူမရှိတော့ဘူးပေါ့ '' '' အဲ့လ...