'' ကျစ်..အာ ငါဘာတွေလုပ်လိုက်မိတာလဲကွာ ''
''ငါကပတ်ဂျောင်းဝူကိုနမ်းလိုက်တာတဲ့လား ''
''ဟာ..မသိတော့ဘူးကွာ သေချင်တယ် ''
''ဘာလို့အဲ့ချောကလက်ကောင်ကိုမှသွားနမ်းမိရတာလဲ..နမ်းမိမှာဆိုးလို့နှုတ်ခမ်းနဲ့မထိအောင်အတန်တန်ထိန်းထားတာတောင် ရအောင်နမ်းမိလိုက်သေးတယ် ''
''သွားပါပြီ ငါ့ရဲ့cool guy image တွေတော့ကုန်ပါပြီကွာ ''
''ဟုတ်တယ် အဲ့နမ်းလိုက်တဲ့အချိန်တုန်းကငါ့ခန္တာကိုယ်ထဲတစ်ခုခုဝင်ပူးသွားတာထင်တယ်..ငါကအဲ့ချောကလက်ကောင်ကိုနမ်းစရာလားဝေးသေး ငါ့ရဲ့first kissလေးကို ''
တစ်ယောက်ထဲအိပ်ယာပေါ်မှာစကားတွေပြောနေရင်း မနက်ကနမ်းလိုက်တဲ့ပုံရိပ်ကမျက်လုံးထဲပြန်ဝင်လာတယ်..ကိုယ်ကိုတိုင်မသိလိုက်ခင်မှာပဲနှုတ်ခမ်းလေးကိုကိုင်ပြီးပြုံးမိကာ စကားတခွန်းကမရည်ရွယ်ပဲထွက်သွားတယ်
'' ဒါပေမယ့်သူ့နှုတ်ခမ်းလေးကချိုနေတာပဲ ထပ်နမ်းချင်လိုက်တာ ''
'' ဟမ် ''
ပြောပြီး နောက်မှသူ့ကိုသူသတိပြန်ထားမိသွားတယ်''ဘာ..ဘာပြောလိုက်မိတာလဲ ငါကထပ်နမ်းချင်တယ်ပြောလိုက်တာလား ''
''အားးမဟုတ်ဘူးနော် လုံးဝမဟုတ်ဘူး ငါကဘာလို့ထပ်နမ်းချင်ရမှာလဲ မနမ်းချင်ပါဘူး ''
'' ချိုလဲမချိုဘူး လုံးဝကိုမချိုတာ အဲ့တာ ဟို ဟိုဝေဖာချောင်းစားထားလို့ချိုတာနေမှာပါ..ဟုတ်တယ် ဝေဖာချောင်းကြောင့်ချိုတာ ''
သူ့စကားသူရှက်ကိုးရှက်ကန်းတွေဖြစ်ပြီးပြောချင်ရာတွေပြောပြီး ဆံပင်တွေကိုဆွဲဖွကာ တစ်ယောက်ထဲအော်နေတယ်
''အားးးးဘာလဲ ငါဘာတွေဖြစ်နေတာလဲ ဘာလို့အဲ့ကောင်ကိုတွေ့ရင် ရင်ခုန်နေရတာလဲ ကျစ် ငါ့ကိုငါနားကိုမလည်တော့ဘူးကွာ ''
.
.
.
.
.
.
.
တစ်ဖက်မှာ Park jeong wooတစ်ယောက် harutoနည်းတူ အိပ်ယာပေါ်လူးလိမ့်ကာ ရှက်ပြီး စောင်ကိုခေါင်းမှာခြုံကာ မနက်ဟာကိုရှက်လို့မဆုံးဖြစ်နေတယ်''အားးဟာရူတိုမေကာင်းတဲ့ကောင် ''
''ဒီကောင်တကယ်ရူးသွားပြီထင်တယ် သူကငါ့ကိုနမ်းလိုက်တာတဲ့လား ''
'' အာ..ရွံစရာကြီးကွာ ''
jeongwooကသူ့နှုတ်ခမ်းသူလက်ခုံနဲ့အတင်းပွတ်ဆွဲပြီး ရွံ့စရာကြီးဆိုပြီးမျက်နှာကြီးရှုပ်မဲ့ကာ သုတ်နေတယ်'' ဒီကောင်နမ်းလိုက်တာကို ပြန်တွေးလိုက်တိုင် ကြက်သီးတဖြန်းဖြန်းထတယ် ''
''စိတ်တိုတယ် စိတ်တိုတယ် ငါ့first kissကဒီကောင့်ကိုပေးလိုက်ရတယ်လို့ကွာ ''
''စိတ်ညစ်တယ် အိပ်တာပဲကောင်းတယ်''
jeongwooလဲဘာမှဆက်မတွေးပဲ အိပ်သာအိပ်လိုက်တော့တယ်
-------------------------
'' Hello ''''hello jihoon ညဘက်ဘာကိစ္စလဲဂိမ်းဆော့ဖို့ဆိုရင်တော့ ငါဒီနေ့မဆော့တော့ဘူးစိတ်ရှုပ်နေလို့ ''
''အေး မင်းအခုကျောင်းhome pageထဲဝင်ကြည့်လိုက်ရင် ဒီထက်တောင်စိတ်ဆင်းရဲသွားအုန်းမယ် ''
'' ဘာလို့လဲ ''
''အရင်ဝင်ကြည့်လိုက်မင်းတို့သတင်းတွေတစ်ကြောင်းလုံးပလူပျံနေပြီ ''
''ဘာသတင်းလဲကွ ''
'' မင်းjeongwooကိုနမ်းလိုက်တဲ့သတင်းလေ ''
''ဘာ ''
'' နောက်မှဘာ..အခုမင်းတို့နမ်းတဲ့ပုံတွေကကျောင်းhome pageမှာpopular nowတွေပါဖြစ်ကုန်ပြီဝင်ကြည့်လိုက်အုန်းမင်းတော့နာမည်ကြီး.......ဟမ် hello Hello haruto အာ စကားတောင်မဆုံးသေးဘူးဖုန်းချသွားပြန်ပြီ ''
haruto ချက်ချင်းကျောင်းhome pageထဲဝင်ကြည့်လိုက်တယ်.သွားပါပြီငါမနက်ဖြန်ဘယ်မျက်နှာနဲ့ကျောင်းသွားရမလဲ ဘာလို့ဒီဓာတ်ပုံတွေရောvideoတွေရောကဒီလောက်မြန်မြန်ပြန့်သွားရတာလဲ..harutoသူတို့နှစ်ယောက်နမ်းနေတဲ့ပုံအောက်က comment တွေကိုဝင်ဖတ်ကြည့်လိုက်တယ်
''အား..တကယ်နမ်းတာဟ ''
''လိုက်ဖက်လိုက်ကြတာဟယ် ''
''ငါ့မှာဇုန်ပါဆွဲကြည့်နေတာ ကြိုက်လွန်းလို့ ''
''ဟယ် အဆင်လေးနှစ်ယောက် ''
''အဲ့တာဟာရူတိုမလား ကုန်ပါပြီဟယ်''
''ချောချောလေးတွေဟယ်လိုက်တယ် ''
''ဟာရူတိုနမ်းလိုက်တာ ဘယ်သူလဲ ချစ်စရာလေးဟယ်''
''တကယ်real coupleတွေလား officialချပြလိုက်တော့ ''
''@K Lunaဟဲ့ရေ အဆင်ဆိုလင်နဲ့ ငါတို့ယူစရာလူရှိတော့ဘူး''
''တွဲပါ တွဲပါ''
ဟာရူတိုcomဖတ်နေရင်းသတိလက်လွတ်ပြုံးလိုက်မိတယ်''နေပါအုန်း ငါဘာလို့ပျော်နေတာလဲ ဒါကစိတ်ဆိုးသင့်တာမဟုတ်ဘူးလား ဘာလို့ငါကသဘောကျနေတာလဲ ''
''ဟူးးဘာတွေဖြစ်နေတာလဲဟာရူတိုရာ..ငါ့ကိုငါတကယ်နားမလည်တော့ဘူး ကျစ်! ''
ဟာရူတိုလဲ စိတ်ရှုပ်နေတာနဲ့ ဘာမှဆက်မတွေးတော့ပဲ အိမ်မက်ကမ္ဘာဆီကိုသာအလည်သွားလိုက်တော့တယ်**************
နဲနဲတိုသွားတယ် sorryပါ..ဇာတ်လမ်းစဥ်းစားမရလို့ထွက်သလောက်ရေးလိုက်မိတာ
YOU ARE READING
The most beloved opponent
Fanfiction''ဘဝင်မြင့်မနေနဲ့အုန်းပတ်ဂျောင်ဝူး ငါကမင်းကိုကယ်ချင်လို့ကယ်တယ်များထင်နေလား..မင်းသေရင်ငါပြိုင်စရာလူမရှိမှာဆို့လို့ '' ''အဲ့တာဆို ဘာလို့လာကယ်နေသေးလဲငါသေအောင်ထားခဲ့လိုက်ပါလား..ဒါဆိုမင်းအေးဆေးနေလို့ပြီလေ မင်းနဲ့လိုက်ပြိုင်တဲ့သူမရှိတော့ဘူးပေါ့ '' '' အဲ့လ...