တီ တီ တီ
''Hello ''''hello jeongwoo မောင်ဆင်နေတာကြာပြီးဘာလို့ဖုန်းမကိုင်တာလဲ ''
''မဟုတ်ပါဘူး မအားလို့ပါ ''
''မောင် အခုချိန်းထားတဲ့ဆိုင်ကိုရောက်နေပြီ jeongwooမလာသေးဘူးလား ''
''မောင်..ဟိုလေ ငါဒီနေ့မလာနိုင်တော့ဘူး ''
''အမ်..ဘာလို့လဲ ''
''အရေးကြီးကိစ္စလေးရှိလို့ပါနော် ''
''ဒါပေမယ့် ဒီနေ့ကမောင့်မွေးနေ့လေကွာ ''
''အဲ့အတွက်လဲတောင်းပန်ပါတယ်နော်မောင်..နောက်နေ့မှအစားထပ်လုပ်ပေးမယ်နော် ''
''ဒါပေမယ့်လဲကွာ ''
''ဒါပဲနော်မောင် ဖုန်းချလိုက်တော့မယ်''
တီ....
''jeongwoo...jeongwoo..ဟာ..ကျစ်''
မောင့်ထက်အရေးကြီးတာဘာများရှိနေလို့မောင့်မွေးနေ့မှာတောင်အတူမရှိပေးနိုင်ရတာလဲကွာ ..မွေးနေ့ကိုမောင်ကမင်းနဲ့အတူဖြတ်သန်းချင်တာလေ..ကျစ်..တကယ်ပါပဲ။ဒီတခါတော့မောင်တကယ်စိတ်ဆိုးတယ်..
စိတ်ညစ်ညစ်နဲ့ဆိုင်ထဲကနေထွက်လာလိုက်ပြီး ခြေဦးထည့်ရာသွားလျှောက်သွားလို့နေတယ်..မွေးနေ့မို့barလဲမသွားချင်တာကြောင့်
ဟန်မြစ်ကမ်းဘေးမှာသာထိုင်နေမိတော့တယ်..ထိုင်နေတာအချိန်ကြာသွားမှန်းသတိထားမိမှ နာရီကိုကြည့်လိုက်တော့ 11:13..
ဖုန်းကိုထုတ်ကာ babyဆိုပြီးမှတ်ထားတဲ့ jeongwooရဲ့ဖုန်းကိုခေါ်လိုက်တယ်..ဘယ်လောက်စိတ်ဆိုးဆိုးချစ်ရသူကိုဖုန်းဆက်ပြီးအိမ်ပြန်ရောက်ပြီလာဆိုတာအတည်ပြုရမှာက ကိုယ့်တာဝန်ပင်။
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ပြန်လည်ဖြေကြား..
''ဟာ...ကျစ် ဖုန်းမကိုင်ပြန်ဘူးဘာတွေဒီလောက်အရေးကြီးနေလို့ဖုန်းတောင်မကိုင်နိုင်ရတာလဲကွာ တောက် ''
မကိုင်တဲ့ဖုန်းကိုထပ်ခေါ်မနေတော့ပဲ အိမ်ကိုသာပြန်လာခဲ့လိုက်တော့တယ်..အိမ်ရောက်တော့ဘယ်သူမှမရှိတာကြောင့်အိမ်ကြီးကအမှောင်အတိ။မီးဖွင့်ဖို့လဲစိတ်မပါတော့တာကြောင့်မီးမဖွင့်ပဲဆိုဖာပေါ်သာစိတ်ပျက်လက်ပျက်နဲ့လှဲချလိုက်တယ်။
YOU ARE READING
The most beloved opponent
Fanfiction''ဘဝင်မြင့်မနေနဲ့အုန်းပတ်ဂျောင်ဝူး ငါကမင်းကိုကယ်ချင်လို့ကယ်တယ်များထင်နေလား..မင်းသေရင်ငါပြိုင်စရာလူမရှိမှာဆို့လို့ '' ''အဲ့တာဆို ဘာလို့လာကယ်နေသေးလဲငါသေအောင်ထားခဲ့လိုက်ပါလား..ဒါဆိုမင်းအေးဆေးနေလို့ပြီလေ မင်းနဲ့လိုက်ပြိုင်တဲ့သူမရှိတော့ဘူးပေါ့ '' '' အဲ့လ...