17🦋🐺

198 35 6
                                    

ဒီလိုနေ့မျိုးမှာကောင်းကင်ကြီးက ကြည်လင်တောက်ပနေတာကောင်းလိုက်တာ.မနက်၇ခွဲအကုန်လုံးလိုအပ်တာတွေထည့်ပြီး တောထဲကိုထွက်လာကြတယ်

'' အခုဆရာတို့က တောထဲကိုသွားမှာမို့ ကိုယ့်ပါတနာနဲ့အတူလူစုမကွဲစေနဲ့နော် ''

all::ဟုတ်

''လမ်းလျှောက်ရင်လဲသတိထားလျှောက်ကြလမ်းကသိပ်မညီဘူး ကျောက်တုံးတွေနဲ့မို့ ချော်လဲမယ်နော် ''

all:.ဟုတ်ကဲ့ဆရာ

Park Jeongwooတစ်ယောက်ဖုန်းတကြည့်ကြည့်နဲ့လမ်းလျှောက်နေသည်မို့ harutoက သတိပေးလိုက်တယ်

''Park Jeongwooလမ်းကိုကြည့်လျှောက်လေ ချော်လဲမယ် ''

''ခဏနေပါအုန်း.ငါ့အမေနဲ့စာပို့နေလို့ ''

''နောက်မှပို့လေ..အခုလမ်းကိုကြည့်လျှောက် ''

''ရတယ် ဘာမှမ.... အ''

ပြောနေရင်းနဲ့တောင်ဖုန်းသုံးနေတာတော့..အရှေ့သစ်သားချောင်းမမြင်ဘဲ ခလုတ်တိုက်ပြီးလဲကျမလိုဖြစ်ကာ လဲမကျခင်အမှီဟာရူတိုကလက်ကိုလှမ်းဖမ်းပြီး သူ့ဘက်ကိုဆောင့်ဆွဲလိုက်တော့ ကောင်လေးကရင်ခွင်ထဲကို အံဝင်ခွင်ကျရောက်သွားတယ်

ဟာရူတိုကဖက်ထားရင် ရင်ခွင်ထဲကကောင်လေးကိုငုတ်ကြည့်ပြီးပြောလိုက်တယ်

''တွေ့လား ငါမပြောဘူးလား ချောလဲမယ်လို့ ''

''အခုမလဲဘူးမလား..ဖက်ထားတာလွှတ်သင့်ပြီ ''

''အာ..မီယားနဲ ''
ဖက်တာကိုလွှတ်ပေးလိုက်တော့မှ အကောင်ပေါက်လေးကသူကိုတချက်မဲ့ပြပြီးထွက်သွားတယ်

''ဟားးအသဲယားစရာ''

တောထဲက သစ်ပင်အပေါက်နဲတဲ့ကွင်းပြင်တစ်နေရာရောက်တော့ အားလုံးက စခန်းချဖို့လုပ်ကြတယ်

''ကဲ..ကဲ..ကဲ အားလုံးပဲ ဆရာနားမှာလူလာစုကြမယ် ''
ဆရာချွဲကအကုန်လုံးကိုလက်ခုပ်တီးပြီးလူစုဖို့အချပ်ပြလိုက်တယ်

''ဒီညဆရာတို့ဒီတောထဲမှာပဲပျော်ပွဲရွှင်ပွဲလုပ်ပြီးစားသောက်ကြမှာမို့ဒီညဒီတော့ထဲမှာပဲအိပ်ကြရမှာ မနက်ရောက်မှဆရာတို့တည်းခိုတဲ့ဘန်ဂလိုလေးတွေစီပြန်ပြီး အထုပ်အပိုးတွေပြင်ပြီးကျောင်းကလာခေါ်တဲ့ကားနဲ့ပြန်ကြမယ်''

The most beloved opponentWhere stories live. Discover now