23🦋🐺

208 39 8
                                    

ကျောင်းကစီစဥ်ပေးတဲ့ကားကလဲရောက်တော့မှာမို့ hyunsuk hyungကလူတွေစုပြီးမရောက်သေးတဲ့သူတွေတချို့ကိုစောင့်ကြတယ်..

ကျတော်တို့အဖွဲ့လဲလူစောင့်ရင်စကားတွေ့ပြောနေချိန် ကျတော်တို့မလှမ်းမကမ်းနားကိုကားတစ်စီးထိုးရပ်လာတယ်..ကားပေါ်က ဂျင်းဘောင်းဘီမိုးပြာရောင်နဲ့တီရှပ်အဖြူပေါ်မှ မီးခိုးရောင်ကုပ်အရှည်ကိုဝတ်ဆင်ကာ နေကာမျက်မှန်အမဲကိုတပ်ဆင်ထားတယ့်လူတစ်ယောက်ကဆင်းလာပြီး ကျတော်တို့ဘက်ကိုကြည့်ကာ လက်လှမ်းပြရင်ကျတော်တို့နားကိုလျှောက်လာတယ်...ဘယ်သူ့ကိုပြတာလဲမသိ..ထိုအချိန်..

''ဟင်...hyung...? yedam hyung ''

jeongwooကထိုလူရဲ့နာမည်ကိုအော်ခေါ်ကာ ပြေးသွားပြီးပွေ့ဖက်လိုက်တယ်...တင်းကျပ်နေအောင်ပေါ့
ထိုလူကလည်းနည်းတူတင်းကျပ်နေအောင်ပြန်ပွေ့ဖက်ထားတယ်

ဘယ်သူလဲသူက jeongwooနဲ့ဘယ်လိုပတ်သတ်တာလဲ

'' yedam hyung လွမ်းနေတာ နှစ်တွေအကြာကြီးကျတော့်ကိုထားသွားပြီးအခုမှဘာမပြောညာမပြောနဲ့ပြန်ရောက်လာတယ် လူကိုလန့်အောင်လုပ်တယ် ''

''အာရီးဂူး..ငါတို့ကလေးလေးက ထွားလာလိုက်တာ ဒီအရွယ်ရောက်နေပြီ အခုထိချွဲတုန်း ''

ဘာ..?ကလေးလေးဟုတ်လား..

'' ပြောပါအုန်းဘယ်လိုရောက်လာတာလဲ ဒီနေရာကို ''

'' စပရိုက်ဖြစ်စေချင်လို့ hyunsuk hyungကို jeongwooဘယ်မှာရှိလဲမေးပြီးလာခဲ့တာ ''

''အော်..အဲ့လိုလား ''

'' အင်း..အကိုကလေယာဥ်ပေါ်ကဆင်းဆင်းချင် ငါတို့Jjeong jjeong ဆီအပြေးလာခဲ့တာနော်.''

''အိုမို..အရမ်းပင်ပန်းသွားပြီ ''

jeongwooကyedamကိုထက်ဖက်ကာကျောလေးပုတ်ပြီးပြောလိုက်တော့ yedamကjeongwooခေါင်းလေးကိုပုတ်ကာ

''အခုထိ ကလေးဆန်တုန်းပဲ ''

''ဟဲဟဲ ''

အဲ့လူခေါင်းပုတ်တာကိုjeongwooကဘာလို့ငြိမ်ခံနေတာလဲ သဘောတကျကိုငြိမ်ခံနေတာပဲ..သူတို့ကဘယ်လိုပတ်သတ်မှုမျိုးလဲ
jeongwooအခုပုံစံကငါနဲ့ရှိတုန်းကပုံစံနဲ့လားလားမှမတူဘူး..ဘာလို့အဲ့လူနဲ့မှအဲ့လိုကလေးဆန်ပြနေရတာလဲကွာ..ရင်တွေပူလိုက်တာ ဘယ်လိုခံစားချက်ကြီးလဲကွာ

The most beloved opponentWhere stories live. Discover now