'' သူနဲ့အတူတွဲဖက် လုပ်မယ် ''
''ok..ဖြစ်စေရမယ် မောင်လေးကတော့ဟိုပြိုင်ပွဲစင်အနောက်မှာခဏသွားရပ်နေနော် အမအဲ့ဂျူနီယာလေးကိုခေါ်လာခဲ့မယ် ''
''အင်း..ဟုတ်ကဲ့ဗျ ''
စီနီယာအမထွက်သွားတော့ jihoonကမေးလာတယ်''မင်းနေရောကောင်းရဲ့လား ဟာရူတို''
''ကောင်းပါတယ် ဘာလို့လဲ ''
'' ပတ်ဂျောင်းဝူနဲ့တွဲဖက်လုပ်မယ်ဆို..မင်းစိတ်ရောမှန်သေးရဲ့လား အဲ့တာမင်းရဲ့အကြီးမားဆုံးပြိုင်ဘက်နော် ''
'' အင်း သိတယ်လေ ဘာဖြစ်လဲ..တခါလောက်တွဲဖက်လုပ်ကြည့်မလို့လေ ''
၃ယောက်သားဘာမှမပြောတော့ပဲ အံ့သြတဲ့ပုံစံနဲ့သာကြည့်နေတော့တယ်.
.
.
.
.
'' ဟို..ဂျူနီယာလေးခဏလောက် '''' ကျတော့်ကိုခေါ်တာလားဗျ ''
ဂျောင်းဝူကလက်ညိုးလေးကိုကွေးကာသူ့ကိုသူထိုးပြလိုက်တယ်''အင်း..ဟုတ်တယ်မောင်လေး ''
''ဟုတ်..ဘာဖြစ်လို့လဲ ဗျ ''
''မောင်လေးကိုအမတို့ဂိမ်းအစီအစဥ်မှာပါဝင်စေချင်လို့ပါ ''
''ဘာဂိမ်းလဲဗျ ''
''Papero gameပါ ''
''အော်..ကျတော် အဲ့ဂိမ်းသိတယ်''
''နိုင်ရင်ဂိမ်းစက်ရမှာပါ ''
''ဂိမ်းစက်..ရတယ် ပြိုင်မယ် ''
''အမနဲ့လိုက်ခဲ့နော် စင်နောက်မှာမောင်လေးတွဲဖက်စောင့်နေတယ် ''
''စီနီယာမမတို့က တွဲဖက်ပါတစ်ခါထဲရွေးပေးထားတာလား ''
''မဟုတ်ပါဘူး..အဲ့မောင်လေးကမောင်လေးနဲ့ တွဲဖက်လုပ်မယ်ဆိုလို့ပါ ''
''ဘယ်သူလဲမသိဘူး ''
''ရောက်မှကြည့်လိုက်ပါ ''
''အော်..ဟုတ် ''
ဘယ်သူပါလိမ့်ငါနဲ့တွဲဖက်လုပ်ချင်တဲ့သူက...ထားပါဘယ်သူဖြစ်ထဖစ်ဂိမ်းစက်တော့ရအောင်ယူရမယ်စင်နောက်ရောက်တော့ဟာရူတိုကိုမြင်လိုက်တော့ အံ့သြသွားတယ်
''ဟာရူတိုမင်းကဒီဂိမ်းပြိုင်ဖို့လား ''
YOU ARE READING
The most beloved opponent
Fanfiction''ဘဝင်မြင့်မနေနဲ့အုန်းပတ်ဂျောင်ဝူး ငါကမင်းကိုကယ်ချင်လို့ကယ်တယ်များထင်နေလား..မင်းသေရင်ငါပြိုင်စရာလူမရှိမှာဆို့လို့ '' ''အဲ့တာဆို ဘာလို့လာကယ်နေသေးလဲငါသေအောင်ထားခဲ့လိုက်ပါလား..ဒါဆိုမင်းအေးဆေးနေလို့ပြီလေ မင်းနဲ့လိုက်ပြိုင်တဲ့သူမရှိတော့ဘူးပေါ့ '' '' အဲ့လ...