32🦋🐺

182 31 9
                                    

''Jeongwoo''

''ဗျာ ''

''Harutoရဲ့ကားဘရိတ်ပေါက်ပြီးအက်စီးဒန့်ဖြစ်လို့တဲ့ အဲ့တာအခုဆေးရုံးသွားဖို့ ''

''အင်း..သွားလေ ''

''မင်းမလိုက်ဘူးလား ''

''ကျတော်ကဘာလုပ်ဖို့လိုက်ရမှာလဲ ''

''မင်းharutoကိုစိတ်မပူဘူးလား ''

'' ဘာလို့စိတ်ပူရမှာလဲ hyungတို့အကုန်သူ့နားမှာရှိနေတာပဲကို ကျတော်ကဘာလိုက်လုပ်ရမှာလဲ မလိုက်ချင်ဘူး ကိုယ့်ဘာသာသွား ''

''ဒါပေမယ့်..''

''ကျတော်မလိုက်ချင်ဘူးလို့..မအားဘူး ''

''ဟင်းးဒါဆိုသွားတော့မယ် ''

''အင်း သွား ''

မင်းသေရင်သေ မသေရင်တောင်ဒုက္ခိတာဖြစ်သွားတာကိုမြင်ချင်မိတယ် အဲ့လိုဆိုငါတကယ်ပျော်မိမှာ..ဟက်
____________________
၂နာရီခန့်ကြာသော်

''အော..Hyungပြန်ရောက်ပြီလား ဘယ်လိုလဲဟာရူတိုအခြေအနေ ''

''ကားကဘရိတ်ပေါက်ပြီးလမ်းဘေးထိုးကျသွားလို့အရမ်းကြီးမထိခိုက်သွားဘူး..လမ်းဘေးကသစ်ပင်သာဝင်တိုင်မိရင်ဟာရူတိုမလွယ်ဘူး..အခုတော့ကံကောင်းလိုစိုးရိမ်စရာမရှိဘူးတဲ့ ခြေထောက်တော့နဲနဲထိထားတယ် အရင်ကဒဏ်ကြောင့် ''

''ဟမ်..သူကမသေဘူးလား ''

''Jeongwooမင်းဘယ်လိုပြောလိုက်တာလဲ ''

''ဟာရူတိုမသေဘူးလားလို့မေးလိုက်တာလေ hyungကလဲ ကျတော်ကသေအောင်လုပ်တာကိုသူကမသေဘူးတဲ့လား ''

''ပတ်ဂျောင်ဝူး အခုမှဆေးရုံပေါ်မှာပဲရှိသေးတဲ့လူကိုမင်းဘယ်လိုပြောလိုက်တာလဲဟမ် ''

''hyungသူ့ကားဘရိတ်ဘာလို့ပေါက်သွားလဲဆိုတာ ''

''......''

''အဲ့တာကျတော်လုပ်တာလေ ဟားးကျတော်သူ့ကားဘရိတ်ကြိုးကိုဖြတ်ခဲ့တာလေ ''

''ဘာ!! မင်းလုပ်ခဲ့တာလား ''

''အင်း ဒါပေါ့ကျတော်လုပ်ခဲ့တာ ''

''ဘာလို့..ဘာလို့အဲ့လိုမကောင်းတာကိုလုပ်ရတာလဲဟမ် ''

''မုန်းလို့ ဟာရူတိုကိုအရမ်းမုန်းလို့ hyungကိုကျတော်လုံးဝနားမလည်တော့ဘူး ကိုယ့်မိဘကိုကားနဲ့တိုက်သတ်ခဲ့တဲ့လူကိုhyungကဘာလို့ဂရုစိုက်နေတာလဲ ''

The most beloved opponentWhere stories live. Discover now