13🦋🐺

203 39 4
                                    

'' ထိုင်..ဘာဖြစ်ခဲ့တာလဲ hyungကိုပြောပြ ''

''hyungကျတော်အိမ်ပေါ်ကဆင်းလာတာ ''

''ဟမ်..ဘယ်လိုဖြစ်လို့လဲ အဖေနဲ့ရန်ဖြစ်လာတာလား ''

''အင်းဟုတ်တယ် ကျတော်အရမ်းမွန်းကျပ်လာပြီ ကျတော်ဘယ်လောက်ပဲကြိုးစားပြနေပါစေ အဖေကဘယ်တော့မှမချီးကျူးဘူးအမြဲတမ်းကျတော့်ကိုသုံးစားမရတဲ့လူတစ်ယောက်လို့ပဲမြင်နေတယ် အရမ်းစိတ်ညစ်လာပြီး..ကျတော်ပင်ပန်းလွန်းလို့ဘာလုပ်ရမလဲ ''

'' တစ်ချိန်ကျဒီလိုတွေဖြစ်လာမယ်ဆိုတာhyungတွေးမိသားပဲ ဟူးးး ''

'' ကျတော် ဒီနေ့အိမ်ပြန်ရောက်တော့ အဖေကရန်ဖြစ်လာလို့ဆိုပြီးဆူတယ်လေကျတော့်ဒဏ်ရာကိုတော့နဲနဲလေးမှစိတ်မပူပေးခဲ့ဘူး နောက်ပြီးharutoကိုရှုံးသွားလို့ဆိုပြီးကျတော့်ကိုပြောတာရစရာကိုမရှိဘူး..အဖေ့ကိုတကယ့်စိတ်ပျက်မိတယ် လူတစ်ယောက်ကကိုယ့်ကိုယ်ပိုင်အရှိန်နှုန်းနဲ့ပဲသွားနေသင့်တာလေ ဘာလို့တခြားသူနဲ့လိုက်နှိုင်းယှဥ်နေရတာလဲ..ကျတော်ဒီလိုပြိုင်ဆိုင်မှာတွေကြားနေရတာကြီးကိုငြီးငွေ့လာပြီဗျာ ''

'' hyung..Jjeong jjeongလေးကိုသနားလွန်းလို့ဘယ်လိုလုပ်ရမလဲ..အရမ်းပင်ပန်းခဲ့မှာပဲ ''

hyunsukကjeongwooကိုဆွဲဖက်ကာခေါင်းလေးကိုဖွဖွလေးပုတ်လိုက်တယ်။ hyunsukမငိုမိအောင်ထိန်းထားပေမယ့်မျက်ရည်တွေကထိန်းမရပဲဖက်ထားတဲ့jeongwooပုခုံးထက်ကိုကျရောက်သွားတယ်..jeongwooကသူ့ပုခုံးစိုစွတ်လာတာကိုသတိထားမိတော့ဖက်ထားတာကိုခွာလိုက်ပြီး hyunsukကိုကြည့်လိုက်တယ်

'' hyungငိုနေတာလား ''

'' ငိုချင်လို့ငိုတာမဟုတ်ဘူး မျက်ရည်တွေကသူ့ဘာသူကျလာတာ ''

''တော်ပြီ တိတ်တော့ကျတော့်မှာအခုhyungရှိနေတာပဲအဆင်ပြေသွားပြီလေနော်..ဒါနဲ့hyungနဲ့ဒီမှာခဏနေလို့ရမလားဟင်..ကျတော်သွားစရာနေရာမရှိဘူး ''

''ငါ့ညီလေးနေမယ်ဆိုကြိုက်သလောက်နေလို့ရတယ် ''

''ကျေးဇူးhyungအခုတော့ကျတော်ရေချိုးပြီးနားတော့မယ် ပင်ပန်းနေပြီ ''

''အင်း..သွားနားတော့ ''

'' မနက်ဖြန်ကျတော်ကျောင်းမသွားဘူးခွင့်တိုင်ပေးအုန်းနော်hyung. စိတ်အခြေအနေမကောင်းသေးလို့ စာလဲစိတ်ပါမယ်မထင်ဘူး ''

The most beloved opponentWhere stories live. Discover now