30🦋🐺

188 30 4
                                    

''ကဲဒီနေ့ဝန်ထမ်းတွေကိုအစည်းအဝေးခေါ်ရတာက..ဝန်ထမ်းအသစ်တယောက်နဲ့မိတ်တက်ပေးချင်လို့..သူနာမည်ကPark Jeongwooငါအတွင်းရေးမှူးအသစ်''

''မဂ်လာပါ Park jeongwooပါ..ရှေ့လျှောက်အကူအညီတောင်းပါတယ်''

ထိုချိန်ဝန်ထမ်းကောင်မလေးတချို့ကတီးတိုးပြောနေကြတယ်။

''ဟဲ့..အဲ့တာဟိုနေ့က CEOကိုအကြောက်အလန့်မရှိပြန်ပြောရဲတဲ့တယောက်လေ ''

''ဟယ်..သူလား ''

''အင်း..သူနဲ့CEOကဘယ်လိုပတ်သတ်လဲမသိဘူး..တခုခုပဲ ''

''ငါကတော့အတွင်းရေးမှူးသစ်လေးကိုကြွေတယ် ''

''အေး..ရင်ခွင်ကျယ်ကြီးထဲပြေးဝင်ပစ်ချင်စရာ''

''သူ့မျက်လုံးကလဲ လုံးဝညို့ဓာတ်ပြင်းတာနော်..ငါဆိုအကြည့်တချက်မှာတင်ကြွေကျတာ ''

''ငါကတော့အတွင်းရေးမှူးသစ်လေးရဲ့ ခန္တာကိုယ်အစိတ်အပိုင်းအကုန်လုံးကိုကြိုက်တယ်..အကုန်လုံးကိုထိတွေ့ဖူးချင်တယ်ဟယ်..ဟိဟိ''

နောက်ဆုံး ပြောလာတဲ့ဝန်ထမ်းကောင်မလေးစကားတိုးတိုးလေးကိုကြားတော့ ဟာရူတိုတင်းပြီလေ။

ဘာ..အစိတ်အပိုင်းအကုန်လုံးကိုထိဖူးချင်တယ်တဲ့လား..တန်ရာတန်ရာမပြောဘူးမိန်ကလေးတွေဖြစ်ပြီး..တနေ့အားလုံးသိအောင်လုပ်ပြအုန်းမယ်..ငါတယောက်ပဲဂျောင်ဝူးရဲ့အစိတ်အပိုင်းအားလုံးကိုထိခွင့်ရှိတဲ့သူ..ဆိုတာကို။

''ငါခေါ်တာဝန်ထမ်းအသစ်နဲ့မိတ်ဆက်ပေးဖို့..လာကြောင်ခိုင်းတာမဟုတ်ဘူး..သွား! ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြတော့ ''

''ဟုတ် ''

ဝန်ထမ်းတွေနဲ့အတူဂျောင်ဝူးပါထွက်သွားဖို့လုပ်နေတာကြောင့် ဟာရူတိုကလက်ကိုလှမ်းဆွဲလိုက်တယ်

''jeongwooမင်းကဘယ်သွားဖို့လဲ ''

''မင်းပြောတော့ကိုယ်အလုပ်ကိုယ်သွားလုပ်ဆို..အဲ့တာကြောင့်အလုပ်သွားလုပ်ဖို့လေ ''

''မင်းမပါဘူး..ငါပြောစရာရှိသေးတယ်..ဒီမှာလာထိုင် ''

''အင်း..ဘာလဲ ''

''ခုနက ဝန်ထမ်းကောင်မလေးတွေနဲ့သွားမပတ်သတ်နဲ့ကြားလား ''

''ဘာလို့လဲ ''

The most beloved opponentWhere stories live. Discover now