ဒီနေ့ဘွဲ့ယူရမယ့်နေ့လေးပေါ့။ကျောင်းဝန်းထဲမှာတော့ဘွဲ့ဝတ်စုံလေးကိုယ်စီနဲ့အပြန်အလှန်ဓာတ်ပုံရိုက်ကြ..အဖွဲ့လိုက်ဓာတ်ပုံလေးတွေရိုက်ကြနဲ့ အမှတ်တရလေးတွေချန်ရစ်ကြရင် ရယ်ကြမောကြကာကျောင်းသားဘဝရဲ့နောက်ဆုံးနေ့လေးကို ပျော်ရွှင်စွာဖြတ်သန်းနေကြပေမယ့် တစ်စုံတစ်ယောက်ကတော့အရယ်အပြုံးမရှိပဲတစ်ခုခုကိုစိုးရိမ်နေဟန်။
''harutoမျက်နှာလဲမကောင်းပါလား ဘွဲ့ယူတဲ့နေ့လေးမှာနဲနဲပါးပါးပြုံးနေပါကွ ''
''အင်းပါ jeongwooရာ လာ..ငါတို့ဟိုကောင်တွေနဲ့ဓာတ်ပုံသွားရိုက်ကြမယ်''
''အင်း သွားမယ် ''
ဘွဲ့ဝတ်စုံလေးတွေနဲ့သူငယ်ချင်းလေးတစ်စုကတော့တစ်ယောက်ပုခုံးတစ်ယောက်ဖက်ထားကာ အုပ်စုလိုက်ဓာတ်ပုံလေးတွေရိုက်ကြတယ်..ထို့နောက်......
''jeongwooရား..ငါတို့ဆယ်ဖီရိုက်ရအောင် ''
''အင်း ရိုက်မယ်လေ ''
ကျတော့်ရဲ့ချစ်ရသူကကျတော့်ပုခုံးကိုဖက်ကာမူရင်းပို့စ်လက်ညှိုးနှစ်ချောင်းထောင်ရင်းသာ..ဒါပေမယ့်တမျိုးလေးတော့ချစ်ဖို့ကောင်းနေတယ်...ဒီဓာတ်ပုံကငါတို့နှစ်ယောက်ရဲ့နောက်ဆုံးရိုက်ချင်းလဲဖြစ်နိုင်တာမို့ငါမရှိရင်ငါတို့နှစ်ယောက်ပုံလေးကြည့်ပြီးငါ့ကိုသတိရပေးနိုင်တယ်မလားဟင်
''jeongwooမင်းအဖေနဲ့အမေမလာဘူးလား ''
''ခုနကတော့ဖုန်းဆက်တယ်လာနေပြီတဲ့..အဖေကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိဘူး ''
''လာနေပြီလား ''
''အင်းလေ ဘာဖြစ်လို့လဲ ''
''အာ..ဘာမှမဖြစ်ပါဘူး jeongwooငါသွားတော့မယ်နော် ''
''ဘယ်ကိုလဲ ''
''လုပ်စရာကိစ္စလေးရှိလို့ပါ''
''ဒီနေ့ကငါတို့ကျောင်းသားဘဝရဲ့နောက်ဆုံးရက်လေကွာ..ဘာပဲဖြစ်ဖြစ်ညကျရင်အကုန်ပါတီလုပ်ကြမှာမို့အဲ့ကျရင်တော့လာခဲ့ပေါ့ ''
''လာချင်ပါတယ်ကွာ..ငါသွားတော့မယ်နော်အချိန်မရှိတော့လို့ ''
''ဟင်..''
harutoထွက်သွားဖို့လုပ်ပြီးမှတစ်ခုခုကိုသတိရသွားပြီးjeongwooဘက်ပြန်လှည့်လာကာ
YOU ARE READING
The most beloved opponent
Fanfiction''ဘဝင်မြင့်မနေနဲ့အုန်းပတ်ဂျောင်ဝူး ငါကမင်းကိုကယ်ချင်လို့ကယ်တယ်များထင်နေလား..မင်းသေရင်ငါပြိုင်စရာလူမရှိမှာဆို့လို့ '' ''အဲ့တာဆို ဘာလို့လာကယ်နေသေးလဲငါသေအောင်ထားခဲ့လိုက်ပါလား..ဒါဆိုမင်းအေးဆေးနေလို့ပြီလေ မင်းနဲ့လိုက်ပြိုင်တဲ့သူမရှိတော့ဘူးပေါ့ '' '' အဲ့လ...