𝖹𝖺𝗐𝗀𝗒𝗂
" ကြည့်ရအောင်... ခွဲစိတ်ထားတဲ့ဒဏ်ရာက.. ကျက်သွားပြီပဲ..."
လူနာကုတင်၌ လဲလျောင်းနေသည့် ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ဦး၏ ခွဲစိတ်ဒဏ်ရာကို စစ်ဆေးပေးနေသည့်ထယ်ယောင်း ။
" မနက်ဖြန်က ဒေါက်တာကင်မ်ရဲ့..နားရက်မလား..."
" ဟုတ်တယ်... သူနာပြုယွန်း..."
" ထုံးစံအတိုင်း တစ်ယောက်တည်းပဲ ဖြတ်သန်းနေတော့မှာလား.. ဒေါက်တာ... ဒေါက်တာက.. blind dateကျတော့လည်းမတွေ့ဘူး.. သဘောကျကြောင်းဖွင့်ပြောခံရတော့လည်း.. လက်မခံဘူး..."
" အာ.. ကျွန်တော်က အဲ့လိုကိစ္စတွေ စိတ်မဝင်စားလို့ပါ..."
သူနာပြုယွန်းသည် ထယ်ယောင်း ဒီဆေးရုံမှာ အလုပ်သင်အဖြစ် စဆင်းတည်းက သိကျွမ်းခဲ့ရသည့် သူနာပြုဖြစ်၍ ဆရာလိုတစ်မျိုး မိသားဝင်လိုတစ်ဖုံ တစ်ယောက်၏အကြောင်းကို သိသင့်သလောက်သိကြ၍ ထိုသို့ပြောလာခြင်းဖြစ်သည် ။
" ဒေါက်တာကင်မ်အရွယ်က... တစ်စုံတစ်ယောက်နဲ့တွေ့ဖို့အကောင်းဆုံးအရွယ်ပဲကို... ဒေါက်တာက လက်ထပ်ဖို့စိတ်ကူးရောမရှိဘူးလား..."
လူနာကို dripချိတ်ပေးရင်းနှင့် ထယ်ယောင်းဘက်လှည့်ကာ အမေးထုတ်နေသော သူနာပြုယွန်းကြောင့် ထယ်ယောင်းမှာ အဖြေမပေးတတ်စွာ ရယ်ပြရုံသာတတ်နိုင်သည် ။
လက်ထပ်တာလား?..
လက်ထပ်တာက ထယ်ယောင်း အခုထိ တစ်ခါမှ မတွေးဖူးသေးတဲ့အကြောင်းအရာပဲ..။တစ်စုံတစ်ယောက်ကို လက်ထပ်ပြီး မိသားစုဘဝထူထောင်ဖို့ဆိုသည်မှာ ထယ်ယောင်းအတွက်ဝန်ကြီးလွန်းသလို ခံစားရသည် ။
မဖြစ်နိုင်ပါဘူး.. သူ့ဘဝက သူ့ကိုယ်သူတောင် အနိုင်နိုင်ဖြစ်နေတာကို မိသားစုတဲ့လား...။
" တင်လ်...."
မတ်ဆေ့ခ်ျဝင်လာသည့်အသံကြောင့် ဖုန်းကိုဖွင့်ကြည့်မိလိုက်လျှင် ဘဏ်ချေးငွေအကြောင်း အသိပေးလာသည့်အကြောင်းကြားစာဖြစ်နေသည် ။
ထယ်ယောင်းသည် ဆေးကျောင်းကို ဘဏ်ချေးငွေနှင့် ကိုယ့်အားကိုယ်ကိုးပြီးတက်ရောက်ခဲ့ကာ ထိုချေးငွေကို အကျေဆပ်ပြီးသွားပြီဆိုသော်လည်း ရှေ့အပတ်လေးကမှ ဒေါ်လေးသည် သူ့ယောက်ျား၏လောင်းကစားအကြွေးကြောင့် အိမ်ပေါ်ကနေ ဆင်းပေးရတော့မည်ဆိုပြီး ဖုန်းဆက်ကာငိုယိုခဲ့သည် ။
ဒေါ်လေး၏အပူကလည်း သူ့၏အပူပင်ဖြစ်သည်ကြောင့် ထယ်ယောင်းမှာ မကြည့်ရက်စွာနှင့် တစ်လုံးတစ်ခဲငွေပမာဏကြောင့် ဂျီမင်းကိုလည်းအကူအညီမတောင်းနိုင်ဘဲ ဘဏ်ချေးငွေယူဖို့သာဆုံးဖြတ်ခဲ့ရသည် ။
![](https://img.wattpad.com/cover/328996251-288-k649071.jpg)
YOU ARE READING
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)
Fanfiction𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 × 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 ♡︎ 𝖲𝗐𝖾𝖾𝗍 𝖱𝗈𝗆𝖺𝗇𝖼𝖾 ♡︎ 𝖲𝗍𝖺𝗋𝗍 𝖣𝖺𝗍𝖾 (1.1.2023) 𝖲𝗎𝗇 𝖤𝗇𝖽 𝖣𝖺𝗍𝖾 (19.6.2023) 𝖬𝗈𝗇 𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.