𝖹𝖺𝗐𝗀𝗒𝗂
ဂျောင်ဂုသည် ဒေါက်တာကင်မ်ကိုအိမ်ပြန်လိုက်ပို့ပေးပြီးမှမိမိ၏အိမ်ဆီသို့ပြန်လာခဲ့ကာ အခန်းထဲရောက်သည်အထိ သူ့နှုတ်ခမ်းသားဟာ ကြည်နူးနှစ်သက်မှုကြောင့် ပြုံးရိပ်သန်းနေဆဲ ။
အလုပ်စားပွဲထက် တင်ဆောင်ထားသော ဖန်ပုလင်းထဲ၌ ဒေါက်တာကင်မ် အရင်တစ်ခေါက်က ပေးခဲ့သောအကြွေစေ့နှစ်စေ့မှာ လဲလျောင်းလျက်ရှိသည် ။
ဒေါက်တာကင်မ်ထံကနေ ထပ်ရလာပါသော နောက်ထပ်အကြွေစေ့နှစ်စေ့ကို ဘောင်းဘီအိတ်ကပ်ထဲကနေထုတ်၍ ထိုဖန်ပုလင်းလေးထဲထည့်လိုက်ရင်း လှစ်ခနဲထင်းလာသည့် သူဌေးဂျွန်၏ပါးချိုင့်ရေးရေး ။" ပိတ်ရက်ရောက်ဖို့က ဘယ်နှစ်ရက် လိုသေးလဲ?..."
စားပွဲထက်က Calendarကိုကောက်ယူရင်း စစ်ဆေးလိုက်လျှင် Sundayက ဒေါက်တာကင်မ့်၏နားရက်ဖြစ်သည်မို့ လေးရက်တောင်လိုသေးသည် ။
ဘောပင်များထည့်ထားသည့်ခြင်းလေးထဲကနေ ဆော့ပင်အနီကိုကောက်ယူလိုက်ကာ Sunday၌ အသည်းပုံသဏ္ဍာန်နှစ်ခု ဝိုင်းခြစ်လိုက်သည့်ဂျောင်ဂု ။
ထို့ရက်မှစပြီး သူသည် ပိတ်ရက်ဒိတ်အတွက် ကြိုတင်ပြင်ဆင်ရန်လိုအပ်သည်များကို ချာအွန်ဝူးထံမှမေးယူရသည် ။" ဒိတ်တယ်ဆိုတာမျိုးက.. အစားအသောက်အတူတူစား... သူ့အကြိုက်ကိုယ့်အကြိုက်မျှဝေပြီး ရုပ်ရှင်အတူတူကြည့်တာမျိုး... ပြခန်းအတူတူသွားတာမျိုး.. ဒါမှမဟုတ်.. တစ်ဖက်ကသူစိတ်ဝင်စားလောက်တဲ့နေရာကို ခေါ်သွားတာမျိုး.. လုပ်ကြတယ်..."
ပုံမှန်လိုဆို အွန်ဝူးကပဲ ဂျောင်ဂု၏ရုံးခန်းကိုလာတတ်သည်ဆိုပေမယ့် အခုကျ ချာအွန်ဝူး၏ရုံးခန်းကို ဆိုင်းမဆင့်ဘုံမဆင့်ပေါက်ချလာသူမှာ ဂျွန်ဂျောင်ဂုဖြစ်ချေသည် ။
" အာ... အဲ့လိုလုပ်ကြတာလား...."
" ဒေါက်တာကင်မ်က... မင်းကို လက်ခံလိုက်တာမလား..."
" အင်း..."
အွန်ဝူး၏အပြောကို ကျေနပ်နေသည့်ဟန်ပန်ဖြင့် အဖြေပေးလာသည့်ဂျွန်ဂျောင်ဂုကြောင့် ချာအွန်ဝူး သဘောပေါက်သွားသလိုခေါင်းတဆတ်ဆတ်ညိတ်မိသည် ။
![](https://img.wattpad.com/cover/328996251-288-k649071.jpg)
YOU ARE READING
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)
Fanfiction𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 × 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 ♡︎ 𝖲𝗐𝖾𝖾𝗍 𝖱𝗈𝗆𝖺𝗇𝖼𝖾 ♡︎ 𝖲𝗍𝖺𝗋𝗍 𝖣𝖺𝗍𝖾 (1.1.2023) 𝖲𝗎𝗇 𝖤𝗇𝖽 𝖣𝖺𝗍𝖾 (19.6.2023) 𝖬𝗈𝗇 𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.