𝖯𝖺𝗋𝗍 (19)

18.6K 2.1K 158
                                    

𝖹𝖺𝗐𝗀𝗒𝗂

လစာထုတ်သည့်ရက်၌ ထယ်ယောင်း၏ဘဏ်အကောင့်ထဲဝင်လာသော လစာသည် ၂၄နာရီမျှပင်မခံ ။
အဒေါ်၏အကြွေးအတွက် ဘဏ်ချေးငွေကိုသွင်း၊ အိမ်လခကိုဖယ်၊ တစ်လတာအသုံးစရိတ်ကိုစိစစ်နှင့် ပြောင်သလင်းခါသွားရသည် ။

" ဒီနေ့က... လကုန်ရက်ဆိုတော့... ကျွန်တော်တို့ တစ်ခွက်လောက် သွားသောက်ရအောင်လေ.. စီနီယာထယ်ယောင်း... စီနီယာလည်း နိုက်ဂျူတီမရှိဘူးမလား..."

" ငါမသောက်နိုင်တာ သိသားနဲ့... မင်းတို့ပဲ သွားသောက်ကြ..."

ဆေးရုံ၏ကန်တင်း၌ အစားအသောက်ယူနေစဉ် ချွဲယောန်ဂျွန်းက ထယ်ယောင်းကိုအဖော်လာစပ်နေသည် ။

" ဒီလိုကျ ငါ့ကို ခေါ်ရမှာလေ... ချွဲယောန်ဂျွန်း..."

" သောက်မှာမလား... စီနီယာကတော့..."

" ဒါပေါ့ သောက်မှာ.. လစာထုတ်ရက်ပဲလေ.. မသောက်ရင် ငါ့ရာဇဝင်ရိုင်းသွားလိမ့်မယ်... "

ထယ်ယောင်းတို့နောက်မှရောက်လာသော ဂျီမင်းက ပုံစံခွက်ဗန်းတစ်ခုကိုဆွဲယူ၍ ထမင်းထည့်ရင်း နားစွန်းနာဖျားကြားသွားဟန်တူကာ အဖော်ညှိစရာပင်မလိုလျှင် သူတို့အချင်းချင်းမှာ သဘောတူသည်ဆိုသည့်ဟန်ပန်နှင့် လက်သီးဆုပ်တွေပင်ထိတိုက်နေကြလျှင် ထယ်ယောင်းမှာခေါင်းအသာယမ်းမိလိုက်သည် ။

သူတို့သုံးယောက်သား ထမင်းယူပြီးသွားသည့်အခါ စားပွဲဝိုင်းတစ်ခု၌ ကြိုတင်ရောက်နှင့်နေသော စီနီယာဟိုဆော့နှင့်ပတ်ခ်ဂျီဟွန်းတို့ဝိုင်းထံဦးတည်ပြီး ပေါင်းထိုင်လိုက်ကြသည် ။

စီနီယာဟိုဆော့က ပုံမှန်အားဖြင့် တက်ကြွနေသည့်အချိန်ကများသော်လည်း ယခုမူ သူ့ထမင်းဗန်းလေးထဲ ဇွန်းဖြင့်ဟိုဆွဒီဆွနှင့် စိတ်လက်ကုန်ခမ်းနေဟန် ။

" ဘာဖြစ်နေတာလဲ... စီနီယာ.. တစ်ခုခုစိတ်ညစ်စရာရှိနေလို့လား...."

ယောန်ဂျွန်းက သွက်လက်သူပီပီ စီနီယာဟိုဆော့ကိုအမေးထုတ်လိုက်လျှင် ထယ်ယောင်းတို့ကတော့ စီနီယာကိုသာအကြည့်ရောက်၍ နားစွင့်နေကြကာ အစားအသောက်ကတော့မပျက် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Onde histórias criam vida. Descubra agora