𝖹𝖺𝗐𝗀𝗒𝗂
ခရစ်စမတ်နေ့ကုန်ဆုံးပြီး နောက်တစ်နေ့မနက်ခင်း၌ ထယ်ယောင်းသည် သူ့၏အမျိုးသားထက်အရင် နိုးထလာရသည် ။
မျက်လုံးဖွင့်လျှင်ဖွင့်ခြင်း သူ့ဘက်သို့မျက်နှာမူလျက်အိပ်နေသော မျက်နှာချောချောအား ရှုစားလိုက်ရသည်ကြောင့် နှုတ်ခမ်းပါးထက် လှစ်ဟသွားရသည့်အပြုံးရေးရေး ။ညကို အပေါ်ဝတ်အင်္ကျီဗလာကျင်းဖြင့် အိပ်ကျင့်တတ်ရှိသော ဂျောင်ဂုက အခုကိုလည်း စောင်ပုံဖြူဖြူထဲလုံးထွေးနေရင်းမှ ပခုံးသားဖွေးဖွေးက ပန်းနုရောင် စွက်လျက်ရှိနေသလို ခန္ဓာကိုယ်အစိတ်အပိုင်းထက်က မှဲ့လေးတွေသည်လည်း ခပ်ထင်းထင်း ။
ထယ်ယောင်းသည်သူ့အမျိုးသားကို ကြည့်လေ မြတ်နိုးမိလေမို့ မနေနိုင်လှစွာ လည်ပင်းသားကိုတစ်ချက် ပါးလေးကိုတစ်ချက်အနမ်းပေးပြီးမှ အိပ်ရာထက်ကနေထလိုက်သည် ။
လျော့တိလျော့ရဲဖြစ်နေသည့် ညအိပ်ဝတ်ရုံကို ရင်ဘတ်ထိသေချာဆွဲပြီးကြိုးချည်လိုက်ကာ မှန်ပြတင်းတံခါးရှေ့က လိုက်ကာစကိုဖွင့်ချလိုက်လျှင် ဆောင်းတွင်းမနက်ခင်းအစောပိုင်း၏မြင်ကွင်းသည် ဆီးကြိုလျက်ရှိသည် ။
အပြင်ဘက်၌ ဆီးနှင်းများသည် တဖွေးဖွေးကျဆင်းလျက်ရှိနေ၏ ။
နေရောင်ခြည်သည် ထိုဆီးနှင်းများကိုအံမတုနိုင်သည်ကြောင့် အရိပ်မျှပင်မမြင်ရဘဲ အုံ့ဆိုင်းနေသည် ။
ထယ်ယောင်းအတွက် ဖြတ်ကျော်ခဲ့ရသည့် ဆောင်းရာသီတိုင်းသည် အေးစက်လှသော်လည်း ဒီတစ်နှစ်တော့ သူ့ဘဝထဲဝင်ရောက်လာသော အမျိုးသားကြောင့် နွေးထွေးမှုများက စီးဆင်းနေ၏ ။
ထို့ကြောင့် ရာသီဥတုက အုံ့ဆိုင်းနေသည်တောင် သူ့စိတ်ကရွှင်လန်းလျက်ရှိသည်ဖြစ်၍ နှုတ်ခမ်းသားလေးက ပြုံးရိပ်ယောင်သန်းသွားရသည် ။ရေချိုးခန်းဆီကို ဦးတည်လိုက်သည့်ထယ်ယောင်း၏ခြေကျင်းဝတ်ဖွေးဖွေးထက်က ရွှေရောင်ကြိုးမျှင်လေးသည် ခြေထောက်လှလှနှင့်ပနံ့သင့်လှသည် ။
ရေချိုးသန့်စင်ပြီးသည့်အခါ အထဲကပြန်ထွက်လာကာ မှန်တင်ခုံရှေ့တွင် body lotionလိမ်းနေသည့် ထယ်ယောင်းသည် သူ့အမျိုးသားက သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်ပေးထားသော ခြေကျင်းဝတ်ထက်မှ ရွှေရောင်ကြိုးမျှင်လေးကို အကြည့်ရောက်သည့်သည့်အခါ နှစ်သက်စွာပြုံးမိရပြန်သည် ။
YOU ARE READING
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)
Fanfiction𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 × 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 ♡︎ 𝖲𝗐𝖾𝖾𝗍 𝖱𝗈𝗆𝖺𝗇𝖼𝖾 ♡︎ 𝖲𝗍𝖺𝗋𝗍 𝖣𝖺𝗍𝖾 (1.1.2023) 𝖲𝗎𝗇 𝖤𝗇𝖽 𝖣𝖺𝗍𝖾 (19.6.2023) 𝖬𝗈𝗇 𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.