𝖹𝖺𝗐𝗀𝗒𝗂
ထယ်ယောင်းသည် ကို့ဆီမှခွင့်တောင်းစကားကြောင့် ဒူးလေးပင်ယိုင်ချင်သွားသည်အထိ အင်အားပျော့ခွေချင်သွားရသည် ။
သူသည်မင်္ဂလာဦးနေ့အတွက် မစဉ်းစားခဲ့ဖူးတာမျိုးတော့မဟုတ် ။
ချစ်ရသူနှင့် တူနှစ်ကိုယ်ဖြတ်သန်းရမည့်ညတာရောက်လာခဲ့သည့်အခါ ချစ်ရသူ လိုချင်သမျှပေးမည် ဆုံးဖြတ်ချက်ကရှိခဲ့ပြီးသား ။သူက ဘယ်လိုအင်အားနဲ့များ ချစ်ရသူ၏စကားကို ငြင်းဆန်နိုင်စွမ်းရှိပါ့မလဲလေ..။
သို့ပေမယ့် နဖူးတွေ့ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့်အခါ ကို့၏စူးရှရီဝေသောအကြည့်အောက်ကနေ လူက ရင်အခုန်လွန်ပြီး အငွေ့ပျံချင်သည် ။ထယ်ယောင်းသာလျှင်မဟုတ် ဂျောင်ဂုသည်လည်း စိတ်လှုပ်ရှားမှုကြောင့် အသက်ရှုသံတို့ကပြင်းနေခဲ့သည် ။
ဂျောင်ဂုက ငယ်ရွယ်ဖျတ်လတ်သည့် အမျိုးသားတစ်ဦး...။
သူ့မှာလည်း အခြားယောက်ျားသားများနည်းတူ ချစ်သူကိုလိုချင်တပ်မက်စိတ်ရှိသည်၊ အပိုင်သိမ်းချင်သည့်စိတ်ရှိသည် ။ထယ်ယောင်း၏နားသယ်စပ်နှင့်လည်တိုင်ထက်ဆီ ရိုက်ခတ်နေသောလေငွေ့နွေးနွေးတို့က စိတ်ကိုမရိုးမရွပိုဖြစ်စေသည့်အတွက် ထယ်ယောင်းသည် သူ့၏လက်ချောင်းရှည်ရှည်လေးများနှင့် သူဌေးဂျွန်၏ရင်ဘတ်ကိုအသာတွန်းကန်မိသည် ။
" ကျွန်တော်... ရေ... ခဏလောက်ချိုးချင်တယ်... ပြီးမှ... ပြီးမှပဲ..."
အားတင်းထွက်လိုက်ရသည့်စကားအဆုံး သူဌေးဂျွန်က ထယ်ယောင်းကို ချစ်မြတ်နိုးမဝစွာကြည့်လျက် နှုတ်ခမ်းသားလေးက အနည်းငယ်ကော့တက်သွားကာ ချောင်ပိတ်ထားသည်ကိုဖြေလျော့ပေးသည် ။
" အင်း... ထယ့်သဘော...."
သူဌေးဂျွန်က ထယ်ယောင်းနားကနေ ဖယ်ခွာပေးမှ ထယ်ယောင်းသည် အသက်ပြင်းပြင်းရှုသွင်းလိုက်ရသည် ။
သူ့၏ခြေထောက်လေးတွေဆို အားပင်မရှိချင်တော့ချေ ။" ကိုတို့အခန်းထဲ ဝင်ရအောင်...."
ထယ်ယောင်း၏လက်ကို အသာဆွဲကာ ထယ်ယောင်းအမှီပြုထားသည့်တံခါးကို ဆွဲဖွင့်ပေးသည့်ကိုက အခန်းထဲရောက်မှ တွဲလက်ကိုပြန်လွတ်ပေးသည် ။

KAMU SEDANG MEMBACA
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)
Fiksi Penggemar𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 × 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 ♡︎ 𝖲𝗐𝖾𝖾𝗍 𝖱𝗈𝗆𝖺𝗇𝖼𝖾 ♡︎ 𝖲𝗍𝖺𝗋𝗍 𝖣𝖺𝗍𝖾 (1.1.2023) 𝖲𝗎𝗇 𝖤𝗇𝖽 𝖣𝖺𝗍𝖾 (19.6.2023) 𝖬𝗈𝗇 𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.