𝖯𝖺𝗋𝗍 (13)

18.7K 2.2K 121
                                    

𝖹𝖺𝗐𝗀𝗒𝗂

" အရင်ဆုံး အအေးတစ်ခုခုသောက်မလား.. ဒေါက်တာ..."

" တော်ပါပြီ... သူဌေးဂျွန်...."

သူဌေးဂျွန်၏ဦးဆောင်မှုအနောက်သို့ သိပ်ပြီးမဝံ့ရဲသည့်ခြေလမ်းများနှင့် လိုက်ပါလာခဲ့ရသည့်ထယ်ယောင်း ။

ကြီးမားလှသည့်တံခါးပေါက်ထံမှတဆင့် အိမ်အတွင်းကိုဝင်လိုက်ပြီဆိုရင်ပဲ Golden Timeအိမ်တော်၏ခမ်းနားထည်ဝါမှုကို မျက်မြင်တွေ့လိုက်ရသည် ။
ဧည့်ခန်းအတွင်း၏အပြင်အဆင်မှာ မြင့်မားလှသည့်မျက်နှာကြက်က ပြတိုက်တစ်ခုလိုမျိုးနှင့် ရွှေရောင်ကွပ်ထားသည့် မီးဆိုင်းပန်းဆွဲသည် တော်ဝင်ဆန်ဆန်နှင့်ခမ်းနားလှသည် ။

လူအရိပ်ပင်ထင်သည်အထိ ပြောင်လက်နေသောကြမ်းခင်းမှာ နင်းဝံ့စရာပင်မရှိ ။

ထယ်ယောင်း၏ဖိနပ်မှာ ပေကျံနေသောကြောင့် ကြမ်းခင်းထက်ခြေမချရဲသလို တုံ့ဆိုင်းသွားသည် ။

" ဟို... သူဌေးဂျွန်...."

" ဗျာ...."

ထယ်ယောင်း၏ခေါ်ဆိုမှူကြောင့် လှည့်ကြည့်လာပါသည့်သူဌေးဂျွန်ကို ထယ်ယောင်း အားနာပါးနာနှင့်ပင် အပြုံးတစ်ခုပေးရင်းဆိုလိုက်သည် ။

" ကျွန်တော့်ရဲ့ဖိနပ်က ပေနေတော့... အိမ်ပေါ်တက်ဖို့အဆင်မပြေလို့... အိမ်ပေါ်စီးဖိနပ်တစ်ရံလောက်ရနိုင်မလား...."

" ရတာပေါ့... ခဏစောင့်ပါ..."

" ဟုတ်..."

အလုပ်ကိုယ်စီလုပ်ရန်အတွက် အိမ်တော်အတွင်းပြန်ဝင်လာကြသော အလုပ်သမားများသည် ထယ်ယောင်းကိုတွေ့လျှင် ဦးညွှတ်နှုတ်ဆက်ပြီးမှ အလိုရှိရာသို့သွားကြသည် ။
ထယ်ယောင်းလည်း မနေတတ်စွာနှင့် ပြန်လည်ဦးညွှတ်နှုတ်ဆက်နေစဉ် သူဌေးဂျွန်သည် အခန်းတစ်ခုထဲကနေပြန်ထွက်လာလျက် အိမ်ပေါ်စီးဖိနပ်တစ်ရံကို ကိုင်ဆောင်လာသည် ။

သူဌေးဂျွန်ကိုယ်တိုင် ယူဆောင်လာပေးသည်ကြောင့် ထယ်ယောင်း အားနာလှစွာ လည်ဂုတ်လေးကိုပွတ်သပ်နေရင်း အောက်နှုတ်ခမ်းပါးကိုအသာဖိကိုက်မိသည် ။

သူဌေးဂျွန်သည် ဖိနပ်ကို ဒီအတိုင်းမချပေးဘဲ ထယ်ယောင်းအရှေ့မှာ ဒူးတစ်ဖက်လေးထောက်ချကာ ညင်သာစွာပင်ချပေးလာလျှင် ထယ်ယောင်းမှာပူထူသွားရလျက် မည်သို့တုံ့ပြန်ရမည်မသိ ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now