𝖹𝖺𝗐𝗀𝗒𝗂
ဂျောင်ဂုသည် ဒေါက်တာကင်မ်က ငါးပြတိုက်သို့သွားချင်သည်ဆို၍ google mapကနေတဆင့် ရှာဖွေမှုပြုပြီးနောက်မှာတော့ ဆိုးလ်၏Coex Aquariumသို့ ဒေါက်တာကင်မ်ကို ခေါ်ဆောင်လာခဲ့သည် ။
ထိုငါးပြတိုက်သည် Coex Mall၏မြေအောက်ထပ်တွင်တည်ရှိကာ ရုပ်ရှင်ရုံအစရှိသဖြင့် တစ်ခါတည်း စုံလင်စွာလည်ပတ်နိုင်သည့်နေရာကောင်းတစ်ခုလည်းဖြစ်သည် ။
" ဝါး... ဒီငါးပြတိုက်မှာက မတူညီတဲ့ ရေနေသတ္တဝါမျိုးစိတ်ပေါင်း 600 ကျော်နဲ့ ငါး 40,000 ကျော်တောင်ရှိတာတဲ့..."
ငါးပြတိုက်၏ဆောက်လုပ်သည့်ခုနှစ်နှင့် ပြတိုက်အတွင်းရှိသော ရေနေသတ္တဝါမျိုးစိတ်များ၏သမိုင်းကြောင်းကို ဖော်ပြထားသည့်နေရာ၌ ထယ်ယောင်းသည် ခြေစုံရပ်ကာ တအံ့တသြလေးအာမေဋိတ်ပြုမိသည် ။
ပြာလဲ့လဲ့အဆင်းရေပြင်ထဲ၌ ကျောက်ဆောင်များကိုဖြတ်ကျော်၍ ကူးလူးခတ်နေကြသော ငါးမျိုးစိတ်များကို ထယ်ယောင်းမှာအနီးကပ်တွေ့လိုက်ရသည့်အခါ စိတ်လှုပ်ရှားစွာ မှန်သားပြင်ကို လက်လေးနှင့်ထိတို့ပြီးတော့ပင်ရှုစားမိသည် ။
" ဝါး... အရမ်းသဘောကျဖို့ကောင်းတာပဲ..."
ကလေးငယ်တစ်ဦးလိုပင် နေရာကနေတော်ရုံမခွာနိုင်ဘဲ တမေ့တမောငေးနေပါသည့် ဒေါက်တာကင်မ်ကြောင့် ဂျောင်ဂုသည် နှစ်ခြိုက်သဘောကျသည့်အပြုံးရေးရေးလေးဖြစ်တည်သွားရင်း ဒေါက်တာ၏ဘေးမှာနေရာယူကာ ယှဉ်တွဲရပ်လိုက်သည် ။
" ဟုတ်ပါရဲ့.. အတော်လေး သဘောကျဖို့ကောင်းတာပဲ..."
ဒေါက်တာကင်မ်နဲ့အတူရှိရတာက...။
" သူဌေးဂျွန်... ငါးပြတိုက်ကို ဘယ်နှစ်ခေါက် ရောက်ဖူးလဲ..."
ဒေါက်တာကင်မ်က နေရာတစ်နေရာမှ နောက်တစ်နေရာသို့ပြောင်းရွှေ့ဖို့ကို အချိန်အတော်လေးယူရသည် ။
" ကျွန်တော်... အခုမှ ပထမဆုံးပါ..."
" တကယ်?.. ဒီမတိုင်ခင် တစ်ခါမှမလာဖူးဘူးပေါ့..."
" ဟုတ်ကဲ့...."
ဂျောင်ဂု၏အဖြေကြောင့် ဒေါက်တာကင်မ် အံ့အားသင့်သွားဟန်နှင့်ကြည့်လာသည် ။
YOU ARE READING
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)
Fanfiction𝖪𝗂𝗆 𝖳𝖺𝖾𝗁𝗒𝗎𝗇𝗀 × 𝖩𝖾𝗈𝗇 𝖩𝗎𝗇𝗀𝗄𝗈𝗈𝗄 ♡︎ 𝖲𝗐𝖾𝖾𝗍 𝖱𝗈𝗆𝖺𝗇𝖼𝖾 ♡︎ 𝖲𝗍𝖺𝗋𝗍 𝖣𝖺𝗍𝖾 (1.1.2023) 𝖲𝗎𝗇 𝖤𝗇𝖽 𝖣𝖺𝗍𝖾 (19.6.2023) 𝖬𝗈𝗇 𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.