𝖯𝖺𝗋𝗍 (41)

18.8K 2K 433
                                    

ထယ်ယောင်းထံမှ နာမ်စားကြောင့် သူဌေးဂျွန်သည် အယောင်ယောင်အမှားမှားနှင့် မော်ကြည့်လာခဲ့သလို ဖုန်းနံပါတ်အတင်းတောင်းနေသည့်မိန်းကလေးကလည်း မထင်မှတ်ထားဟန်နှင့် တအံ့တသြ ။

" ကို... ကျွန်တော်... ဒီမှာ ယူလာပြီ.. သူက ဘယ်သူလဲ.. ကိုနဲ့အသိတွေလား..."

ထယ်ယောင်းသည် သိသိရက်နှင့်ပင် စားပွဲထက်မှာသူယူဆောင်လာသည့် စတော်ဘယ်ရီကိတ်နှစ်ခုနှင့် နို့အေးနှစ်ခွက်၊အမေရိကာနိုတစ်ခွက်တင်ဆောင်လာသော ဗန်းကိုချရင်းအမေးထုတ်လိုက်လျှင် သူဌေးဂျွန်က မှင်သက်စွာနှင့်သာ ထယ်ယောင်းကိုကြည့်နေ၏ ။

" လူမှားသွားတာပါ... မဟုတ်ဘူး..."

အစောကဖုန်းနံပါတ်တောင်းနေသော မိန်းကလေးကလည်း ထယ်ယောင်း၏ပိုင်ဆိုင်မှုမှန်းသိသာလှသော နာမ်စားကြောင့် ချက်ခြင်းပင် အချိုးပြောင်းလျက် နောက်ဆုတ်သွားခဲ့သည် ။
ထယ်ယောင်း၏ဒေါသရိပ်လွှမ်းနေသော အကြည့်ကြောင့် ရှိန်သွားတာလည်း ဖြစ်ကောင်းဖြစ်မည် ။

ထိုမိန်းကလေး သွားခဲ့ပြီဆိုမှ ထယ်ယောင်းသည် ဗန်းပေါ်မှကိတ်တွေကိုချလိုက်ရင်း မျက်နှာကလည်းရှိန်းခနဲပူတက်လာသည် ။
သူ ဘာလုပ်မိလိုက်တာလဲ!?..

" ဟွန်း..ဟွန်းလေး... ကိတ်စားရအောင်.. ဦးဦးဆီလာ...."

ထယ်ယောင်းကို အခုထိတိုင် ငေးစိုက်ကြည့်နေသော သူဌေးဂျွန်၏အကြည့်အောက်ကနေ ဖယ်ရှောင်လိုရှောင်နိုင်ငြား ဟွန်းလေးကို လက်လွှဲချီပွေ့ရန်ပြင်လိုက်စဉ် သူဌေးဂျွန်ထံမှထွက်ပေါ်လာသည့်ခေါ်သံတိုးတိုး ။

" ဒေါက်တာကင်မ်...."

ထယ်ယောင်းသည် လှုပ်ရှားမှုတို့ခေတ္တတန့်သွားရလျက် သူဌေးဂျွန်ကိုမလုံမလဲမော်ကြည့်မိလိုက်သည့်အခါ စိတ်လှုပ်ရှားဟန်သိသာပေါ်လွင်နေပါသော သူဌေးဂျွန်ထံကနေ ထွက်ကျလာပါသောခပ်ရှရှစကား ။

" ကျွန်တော့်ကို... ထပ်ခေါ်ပေးပါလား..."

ထိုတောင်းဆိုမှုကြောင့် ထယ်ယောင်း၏ပါးမို့မို့နှစ်ဖက်မှာ နီနီစွေးသွားခဲ့လျက် မည်သို့တုန့်ပြန်ရမည်မသိ ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now