𝖯𝖺𝗋𝗍 (42)

19.6K 2.1K 373
                                    

𝖹𝖺𝗐𝗀𝗒𝗂

ထယ်ယောင်းနေထိုင်သော တိုက်ခန်းအတွင်း၌ ပစ္စည်းရွှေ့ပြောင်းသယ်ယူသည့်အလုပ်သမားသည် ခြေချင်းလှိမ်ယှက်လျက်ရှိသည် ။

ထယ်ယောင်းသည် သူဌေးဂျွန်နှင့်လက်ထပ်ပြီးသည့်အခါ သူဌေးဂျွန်တို့အိမ်မှာပင် အတူနေထိုင်ရန်ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်၍ တိုက်ခန်းကိုပြန်အပ်ပြီး ပစ္စည်းများကို ရွှေ့ပြောင်းနေခြင်းဖြစ်သည် ။

အချိန်တစ်ခုကြာ နေထိုင်ခဲ့သောတိုက်ခန်းလေးဖြစ်၍ ခွဲခွာရမည်ကိုတော့ နှမြောတသဖြစ်မိသား ။

" ဘာတွေသိမ်းစရာကျန်သေးလဲ... ထယ်..."

ရှင်းလင်းသွားသည့်အိပ်ခန်းအတွင်းကို ထယ်ယောင်း ဝင်ရောက်ကြည့်ရှုနေစဉ် သူ့အနောက်သို့လိုက်ဝင်လာသော သူဌေးဂျွန်က ထယ်ယောင်း၏ခါးကိုအနောက်ကနေ ခပ်ဖွဖွလေး ဖက်တွယ်ရင်းမေးလာသည် ။

" မရှိတော့ဘူး... ပြီးပြီ...."

" ဒါဆို.. ကိုတို့အိမ်သွားကြတော့မလား..."

" အင်း..."

ထယ်ယောင်း၏တစ်ပတ်ရစ်ကားအဖြူရောင်လေးသည်လည်း ပြန်လည်ရောင်းထုတ်လိုက်ရပြီဖြစ်ပြီး သူဌေးဂျွန်က ကားအသစ်တစ်စီးဝယ်ပေးထားသော်လည်း ထယ်ယောင်းသည် ထိုကားအသစ်ကိုမစီးဖြစ်ဘဲ သူဌေးဂျွန်၏အကြိုအပို့ကိုသာခံယူသည် ။

" ဟွန်းလေးက ပျော်နေတော့မှာပဲ... ထယ်က ကိုတို့နဲ့အတူလာနေလို့..."

ဂျောင်ဂုသည် သူမောင်းနှင်သည့်ကား၏ဘေးခုံမှာ အတူယှဉ်တွဲပါလာသော ဒေါက်တာကင်မ်ကိုစောင်းငဲ့ကြည့်ကာ လက်တစ်ဖက်က ကားစတီယာတိုင်ကိုထိန်းကိုင်ပြီး ကျန်တစ်ဖက်ကတော့ ဒေါက်တာကင်မ်၏လက်ချောင်းသွယ်သွယ်လေးကို လှမ်း၍အုပ်မိုးဆုပ်ကိုင်လိုက်သည် ။

" ကိုရောပဲ... ပျော်တယ်..."

သူဌေးဂျွန်၏နှစ်ခြိုက်လှသည့်အပြုံးက ထယ်ယောင်းကိုမည်မျှထိသဘောကျနှစ်သက်ကြောင်း ပေါ်လွင်နေ၍ ထယ်ယောင်းသည်အပြုံးလှလှလေးဖြစ်တည်သွားရသည် ။

သို့ပေမယ့် ဟွန်းလေးနှင့်ပတ်သက်၍တော့ ထယ်ယောင်းဟာ စိုးရိမ်စိတ်ရှိနေဆဲပင် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now