𝖯𝖺𝗋𝗍 (34)

16.7K 2K 181
                                    

𝖹𝖺𝗐𝗀𝗒𝗂

အနမ်းယာဉ်ကြောပြီးဆုံးပြီးနောက် သူဌေးဂျွန်က ထယ်ယောင်းကိုအသာယာပင် လွတ်မြောက်ခွင့်ပေးလာသော်လည်း ထယ်ယောင်းသည် မျက်ဝန်းများကို တင်းတင်းစေ့ပိတ်မိထားဆဲဖြစ်သည် ။

သူဌေးဂျွန်က သူနမ်းထား၍ စိုလဲ့နေသော ဒေါက်တာကင်မ်၏နှုတ်ခမ်းသားလေးကို လက်မလေးနှင့်ခပ်ဖွဖွပွတ်ဆွဲရင်းသုတ်သင်ပေးသည် ။

" ဒေါက်တာကင်မ်....."

သူဌေးဂျွန်ထံမှထွက်ပေါ်လာသည့် ခပ်ရှရှခေါ်သံ ။
ထိုအခါမှ ထယ်ယောင်းသည် မျက်ဝန်းတို့ကိုမရဲတရဲဖွင့်ဟလိုက်ရင်း သူဌေးဂျွန်ကိုကြည့်မိလျှင် အကြည့်နှစ်ခုက ဆုံစည်းသွားရသည်မှာ ရင်ခုန်လှိုက်မောဖွယ် ။

" အခု... ကျွန်တော်တို့က... တွဲနေတဲ့ဆက်ဆံရေးဆိုတာ... ဟုတ်တယ်မလား?... ဟင်?...."

ခပ်နိမ့်နိမ့်လေသံက ထယ်ယောင်းကိုရင်ခုန်လွန်ပြီး သေသွားနိုင်စေသည်အထိ ပြုစားမှုအားကောင်းသည် ။

သူဌေးဂျွန်၏မျက်ဝန်းနက်နက်သည် ထယ်ယောင်း၏မျက်ဝန်းထဲကနေတဆင့် အဖြေကိုရှာဖွေစောင့်စားနေသည် ။

ထယ်ယောင်း၏တသိမ့်သိမ့်ခုန်နေသည့် ရင်ခုန်သံစည်းချက်သည် သူ့မျက်စိရှေ့မှောက်က အမျိုးသားတစ်ဦးသာ ပိုင်ဆိုင်သည် ။

သူ... သူဌေးဂျွန်တစ်ယောက်ကိုပဲ ကြည့်လို့ရတယ်မလား?...

" ကျွန်တော်... သူဌေးဂျွန်ကို... သဘောကျတယ်..."

ထယ်ယောင်းဆီမှ တန်ပြန်အဖြေကို သူဌေးဂျွန်ကမှင်သက်သွားဟန် ။
ထယ်ယောင်းသည် မိမိ၏စိတ်ကို အရဲကိုးပြီးအားတင်းကာ ထပ်မံဖွင်ချမိလိုက်၏ ။

" ကျွန်တော်သဘောကျတဲ့သူနဲ့.. တွဲကြည့်ချင်တယ်... အဲ့ဒါကြောင့်... ကျွန်တော်... သူဌေးဂျွန်နဲ့.. အဲ့လိုဆက်ဆံရေးတည်ဆောက်ကြည့်ချင်တယ်...."

" ဒေါက်တာကင်မ်!... နောင်တမရစေရဘူး... ကျွန်တော် ကတိပေးပါတယ်..."

စိတ်လှုပ်ရှားသွားသော သူဌေးဂျွန်က ထယ်ယောင်းကိုကတိစကားပင်ဆိုလာလျှင် ထယ်ယောင်းသည် သဘောတကျပြုံးမိသွားလျက် ခေါင်းအသာယမ်းပြလိုက်သည် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now