𝖯𝖺𝗋𝗍 (47)

17.6K 1.9K 179
                                    

𝖹𝖺𝗐𝗀𝗒𝗂

ထယ်ယောင်းသည် သူ့၏အမျိုးသားကိုနှုတ်ဆက်ပြီး လိုက်ပို့သော ကားထက်ကနေဆင်း၍ ဆေးရုံအတွင်းသို့ဝင်လိုက်သည် ။

နားရက်ကာလမှာ တစ်ပတ်ကျော်၊ မင်္ဂလာဆောင်ရက်အတွက်ခွင့်ကိုပါထည့်တွက်လျှင် ဆယ်ရက်ရှိပြီဖြစ်၍ လုပ်ငန်းခွင်က သူနှင့်တောင်စိမ်းချင်ချင် ။
ဆေးရုံ၏အရာရာတိုင်းက အရင်လိုဆိုသော်ငြား မတူညီတာကတော့ ထယ်ယောင်းသည် အိမ်ထောင်သည်အဖြစ်နှင့်ပထမဆုံးလုပ်ငန်းခွင်ကို ခြေပြန်ချသည်ဖြစ်၍ ရှက်သလိုလိုခံစားလိုက်ရသည် ။

ဆေးရုံအတွင်းသို့ ဝင်လာပါသည့် ဒေါက်တာကင်မ်ကိုတွေ့သည်နှင့် အရေးပေါ်ဌာန၏ကောင်တာအရှေ့သို့ ဒေါက်တာ၊သူနာပြုများကအလျှိုလျှိုထွက်လာကြကာ စုပြုံလျက် စက္ကူပန်းလေးများပင်ဖောက်ကြဲ၍ တစ်ခဲနက် ကြိုဆိုမှုပြုလာကြလျှင် ထယ်ယောင်းမှာ ခန္ဓာကိုယ်လေးတုန်တက်လျက် လန့်ပင်လန့်သွားခဲ့ရသည် ။

" ရွှီး....ဖောက်!...."

" ဂုဏ်ပြုပါတယ်!.. ဒေါက်တာကင်မ်!!...."

" အာ.. ဟား... ကျေး..ကျေးဇူးပါ..."

" မင်္ဂလာပွဲမှာတည်းက ဒီလိုဂုဏ်ပြုပေးချင်တာကို... သူဌေးဂျွန်တို့အသိုင်းအဝိုင်းဘက်က အတော်လေးလူရှိန်စရာကြီးဆိုတော့ ကျွန်မတို့လည်းရှိန်နေရတာနဲ့ ကောင်းကောင်းတောင် ဂုဏ်ပြုစကားမဆိုလိုက်ရဘူး.. တကယ်ဂုဏ်ပြုပါတယ်.. ဒေါက်တာကင်မ်... ကျွန်မမြင်ဖူးသမျှထဲမှာ သူဌေးဂျွန်နဲ့ဒေါက်တာကင်မ်လောက် လိုက်ဖက်တဲ့စုံတွဲဆိုတာမရှိဘူး တကယ်..."

သူနာပြုယွန်းက ဦးဆောင်ပြီးတော့ပင် ထယ်ယောင်း၏မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကားဆိုလာလျှင် ကျန်သည့်လုပ်ဖော်ကိုင်ဖက်များကလည်း တစ်ယောက်တစ်ခွန်းဂုဏ်ပြုစကားဆိုပေးရင်း ဆူညံဆူညံ ။

ထယ်ယောင်းသည် ရှက်ပြုံးလေးနှင့်သာ လုပ်ဖော်ကိုင်ဖက်များ၏ဂုဏ်ပြုစကားကိုခံယူပြီး ကျေးဇူးစကားဆိုရသည် ။

" ကဲ...ကဲ... ဒီနေ့ကစပြီး တို့ရဲ့ဒေါက်တာကင်မ်က အိမ်ထောင်ရှင်အဖြစ်နဲ့ အလုပ်စဆင်းတဲ့ရက်ဆိုတော့ ထပ်ပြီး လက်ခုပ်တီးဂုဏ်ပြုပေးရအောင်..."

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now