𝖯𝖺𝗋𝗍 (29)

16.2K 2.1K 147
                                    

𝖹𝖺𝗐𝗀𝗒𝗂

ထယ်ယောင်းသည် ဒေါ်လေးတို့အိမ်သို့ ဇောနှင့်ပင်အလျှင်အမြန်ဝင်လာသည့်အခါ ဦးလေးဂျီဆော့နှင့် အွန်ဂျယ်၏စကားများနေသံကို ဆီးကြိုကြားလိုက်ရသည် ။

" ဒါတွေက.. ငါတို့ရသင့်ရထိုက်တာတွေပဲ... ငါ့ကိုယ်ငါ ယူယူမယူယူ ဝင်မရှုပ်စမ်းနဲ့.. ဂိုအွန်ဂျယ်!..."

" ဘာကိုရသင့်တာလဲ.. အဖေ... သူများနားက ပစ္စည်းတွေလေ... အဖေ့လုပ်ရပ်ကမမှန်ဘူး..."

" ငါက နင့်ရဲ့အဖေ... နင့်အဖေကို.. ဟိုလိုလုပ်.. ဒီလိုလုပ်ဆိုပြီး.. ဆုံးမနေတာလား!..."

" သမီးက အမှန်တရားကိုထောက်ပြနေတာ..."

ဧည့်ခန်းကျဉ်းကျဉ်း၌ သူဌေးဂျွန်ကပို့ဆောင်လာသော လက်ဆောင်များသည် တစ်ဝက်လောက်ထိနေရာယူထားကာ ထိုအရှေ့မှာတော့ပစ္စည်းများကိုပြန်သိမ်းဆည်းနေသောဂိုအွန်ဂျယ်နှင့် ဂိုဂျီဆော့သည်စကားအချင်းများနေကြသည် ။

ဒေါ်လေးကတော့ စိတ်လက်ကုန်ခမ်းဟန်နှင့် ဧည့်ခန်း၏စားပွဲထက်မှာအဝတ်များကို ခေါက်သိမ်းကာ စကားဝိုင်းထဲဝင်မပါ ။

ဖွင့်ထားသည့်တံခါးမကနေ ထယ်ယောင်းဝင်လာသည်ကိုတွေ့လျှင် ဒေါ်လေးက မျက်နှာကွက်ခနဲပျက်သွားသည် ။

အွန်ဂျယ်ကလည်းအားနာဟန်နှင့်ကြည့်လာသော်လည်း ဦးလေးဂျီဆော့ကတော့ ခြားနားလှစွာ ထယ်ယောင်းဘက်ကိုဒေါသတကြီးကြည့်လာသည် ။

" မင်းမလား... ဂိုအွန်ဂျယ်ကို လက်ဆောင်ပစ္စည်းတွေပြန်သိမ်းခိုင်းတာ..."

" ဟုတ်တယ်.. ဦးလေး... ဒီပစ္စည်းတွေက... ကျွန်တော်တို့နဲ့မသက်ဆိုင်တာမို့... ပိုင်ရှင်အမှန်ဆီပြန်ပို့ပေးရမယ်..."

" ဘာလို့ မဆိုင်ရမှာလဲ... မင်းက သူဌေးတစ်ယောက်လုံးကိုတောင် အပိုင်ဖမ်းထားပြီး ဒီပစ္စည်းတွေလောက်ကို ငါတို့ကိုမသထာတာလား!..."

" အဖေ!..."

အွန်ဂျယ်က သူ့အဖေ၏စကားကိုဝင်ဟန့်တားသော်လည်း ထယ်ယောင်းစိတ်ထဲတွင် ထူပူလျက်သာရှိသည်ဖြစ်၍ တုံ့ပြန်ချင်စိတ်လည်းမရှိပေ ။

" ကျွန်တော်... ဒီပစ္စည်းတွေကို ပြန်သိမ်းသွားပါမယ်..."

ထယ်ယောင်းသည် ပုံထပ်ထားသည့်လက်ဆောင်ပစ္စည်းများကို ပြန်သိမ်းယူရန်ပြင်လိုက်လျှင် ဦးလေးဂျီဆော့ကခနဲ့သလိုတစ်ချက်ရယ်သည် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now