𝖯𝖺𝗋𝗍 (30)

17.6K 2K 152
                                    

𝖹𝖺𝗐𝗀𝗒𝗂

ထယ်ယောင်းသည် သူဌေးဂျွန်၏နွေးထွေးလှသည့်ထွေးပွေ့မှုကို ရုန်းထွက်ဖို့ရာပင်သတိမရှိနိုင်ဘဲ တောင့်တောင့်ကြီး ရပ်နေမိသည် ။

သူဌေးဂျွန်က ခဏမျှကြာမှ ထယ်ယောင်းကိုသူ့ရင်ခွင်ထဲကနေ အသာထုတ်ပေးလျက် မျက်ဝန်းတည့်တည့်ကို ငေးစိုက်ကြည့်လာပြန်သည် ။

" ညနေကျရင်... ကျွန်တော်က အဲ့ဒီ့လက်ဆောင်တွေကို ပြန်ယူပေးပါ့မယ်..."

အတိုင်းအဆမဲ့စွာ ခုန်ပေါက်နေသည့်ရင်အစုံနှင့်အတူ ထယ်ယောင်းသည် သူဌေးဂျွန်၏ မျက်ဝန်းနက်နက်ကိုတန်ပြန်မကြည့်နိုင် ။

" ဟုတ်... ဒါဆို.... ကျွန်တော်... ဆေးရုံကို... ပြန်သွားရမှာမို့... "

" ဟုတ်ကဲ့... ကောင်းကောင်းသွားပါ.. ဒေါက်တာကင်မ်... ညနေကျမှတွေ့ပါမယ်..."

" ဟုတ်..."

အယောင်ယောင်အမှားမှားနှင့် ရှေ့ခန်းကားတံခါးကို ဆွဲဖွင့်မိကာ ထယ်ယောင်းသည်ကားထဲဝင်ထိုင်ရင်း အသက်ပြင်းပြင်းရှုသွင်းလိုက်ရသည် ။

လှိုက်ဖိုခုန်မောနေသည့်ခံစားချက်.. ပူထူလျက်ရှိနေသည့်ပါးပြင်..။

အပြင်ဆီသို့ မရဲတရဲအကြည့်ပို့သည့်အခါ သူဌေးဂျွန်သည် သူရှိရာဘက်ကို ရပ်ကြည့်နေဆဲ ။

ထိုအမျိုးသားက ထယ်ယောင်း၏ခံစားချက်ကို ကမောက်ကမဖြစ်စေသည် ။
ထိုအမျိုးသားကို... ထယ်ယောင်း.. သဘောကျသည်..။

မိမိ၏ခံစားချက်ကို ကွဲကွဲပြားပြားသိနေသော်လည်း ထယ်ယောင်းသည် ခေါင်းအသာယမ်းရှင်းထုတ်လိုက်ကာ ကားကိုစက်နိုးပြီး ထိုအမျိုးသားအပါးဆီကနေ မောင်းထွက်လာခဲ့မိသည် ။

သူဌေးဂျွန်၏အရှေ့ကနေ ရှောင်ပြေးလို့ရသလိုမျိုး သူ့၏ခံစားချက်တွေဆီကနေလည်း ထွက်ပြေးလို့ရရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ?...

ထယ်ယောင်းသည် ဆေးရုံမှာ အလုပ်ပြန်လုပ်နေသော်လည်း သူ့၏စိတ်အစဉ်များကပျံ့ကြဲနေသည် ။

" ဒေါက်တာကင်မ်.. ဒေါက်တာကင်မ်...."

" ဗျာ...."

" ပြတ်ရှဒဏ်ရာရထားတဲ့.. လူနာရောက်လာလို့..."

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now