𝖯𝖺𝗋𝗍 (26)

17.6K 2K 108
                                    

𝖹𝖺𝗐𝗀𝗒𝗂

ဟွန်းလေး၏အခန်းတံခါးအပြင်ဘက်မှာ ရှိနေကြပါသည့် ဉက္ကဌကြီး၊အတွင်းရေးမှူးယူ၊မစ္စယိုဝန်း ။
ဉက္ကဌကြီးသည် ဂျောင်ဂု၊ဟွန်းလေးတို့သားအဖနှင့် ဒေါက်တာကင်မ်တို့၏မြင်ကွင်းကို သဘောတကျကြည့်ပြီးသည့်နောက်မှာတော့ အသံတိတ်ဖြင့်သာ ဝှီးချဲထက်ကနေ လက်ဟန်နှင့် အတွင်းရေးမှူးယူကို သူ့ဝှီးချဲအားအခန်းရှေ့ကနေတွန်းထုတ်သွားရန် အချက်ပြသည် ။

အတွင်းရေးမှူးယူသည် အလိုက်တသိနှင့်ပင် ဉက္ကဌကြီး၏ဝှီးချဲကို အသာယာတွန်းဆောင်ပေးပြီးသွားနောက်မှာတော့ မစ္စယိုဝန်းသည်လည်း တစ်ပါတည်း လိုက်လာခဲ့သည် ။

ဧည့်ခန်းတွင်းသို့ရောက်လာမှ သဘောတကျရယ်သံပင် ထွက်ပေါ်လာသည့် ဉက္ကဌကြီး ။

" ဟား..ဟား... သူတို့ကို ကြည့်ရတာက.. ချစ်ဖို့မကောင်းကြဘူးလား... ပြီးပြည့်စုံတဲ့ မိသားစုလိုမျိုးပဲ..."

" ဟုတ်ပါတယ်... ဉက္ကဌကြီး... သူဌေးလေးနဲ့ဒေါက်တာကင်မ်က လိုက်လည်းလိုက်ဖက်ပါတယ်..."

စကားနည်းသည့်အတွင်းရေးမှူးယူပင် မတုံ့မဆိုင်းထောက်ခံမှုပြုနေသည့်အခါ ဉက္ကဌကြီးသည် ခေါင်းတဆတ်ဆတ်ညိတ်သည် ။

" ငါမြင်ချင်နေခဲ့တာက.. ဒီလိုမျိုးပဲ... ဂျောင်ဂုရယ်.. ဟွန်းလေးရယ်အတွက် ချစ်ခင်နွေးထွေးမှုကိုပေးမယ့်သူမျိုး..."

" ကျွန်မအမြင်နဲ့ဆိုရင်.. သူဌေးလေးနဲ့ဟွန်းလေးအတွက်.. အဲ့ဒီ့လိုခံစားချက်ကိုပေးနိုင်မယ့်သူက.. ဒေါက်တာကင်မ်တစ်ယောက်ပဲ ရှိတာပါ... အပြုံးတွေ့ရခဲတဲ့ ဟွန်းလေးရော သူဌေးလေးရောက... ဒေါက်တာကင်မ်နဲ့ဆိုရင် ခဏဆိုသလိုလည်းပြုံးကြတယ်..."

" အိမ်း... ငါလည်း ဒေါက်တာကင်မ်က ဟွန်းလေးတို့သားအဖအတွက်ကောင်းတယ်ထင်ပါတယ်..."

" ဒါဆိုရင်... သူဌေးလေးနဲ့ ဒေါက်တာကင်မ်ရဲ့ မဂ်လာပွဲအတွက်က သေချာပြီပေါ့.. ကျွန်တော် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားလိုက်ရတော့မလား..."

အတွင်းရေးမှူးယူက ဉက္ကဌကြီး၏ကိစ္စအဝဝကိုဆောင်ရွက်ရသူပီပီ ကြိုတင်ပြင်ဆင်ထားနိုင်ရန်အတွက် အမေးရှိလိုက်ပါလျှင် ဉက္ကဌကြီး၏မျက်နှာထားသည် မချိုမချဉ်ဖြစ်သွားရသည် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now