အပိုင်း ၉

144 24 6
                                    

Unicode

ငွေကြေးဓနချမ်းသာသော သိုင်းကြီးဝိုင်းကြီး မိသားစု၏ ပါတီပွဲပီသစွာ ကျယ်ဝန်းလှသော ခြံထဲတွင် များပြားသည့် လူစုလူဝေးကြီးဖြစ်နေသည်။ စိတ်ထင် ခန့်မှန်းခြေပင် ရာဂဏန်းနှစ်ခါလောက်ဖြစ်ပေလိမ့်မည်။

တက်ရောက်လာကြသမျှ ဧည့်သည်အားလုံးတို့ကလည်း ပြိုးပြိုးပြက်ပြက် လက်နေရာ မျက်စိများပင်ကျိန်းလောက်သည်။ ကိုယ်တိုင်မှာတော့ Sehun မာမီ ၏ဆင်ယင်ထားမှုများကြောင့်သာ ပွဲတိုးနေခြင်းပင်။

"စိတ်ရှုပ်နေပြီလား"

"ဟင့်အင်း အံ့ဩနေတာ ဒါမျိုး တစ်ခါမှ မမြင်ဖူးလို့"

Sehun ကမ်းပေးတဲ့ခွက်ကိုယူရင်း အမှန်တိုင်းဝန်ခံလိုက်သည်။ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ သူငယ်ချင်းလို့ သတ်မှတ်ထားပြီးပြီမလား။ ညလို့မထင်ရအောင် လင်းထိန်နေသော မီးရောင်တွေအောက်မှာ Sehun မျက်နှာက အပြောင်းအလဲမရှိ။

"အချိန်ပိုင်းအလုပ်မလုပ်နဲ့တော့"

"မဖြစ်ဘူးလေ ကောလိပ်တက်ဖို့ ပိုက်ဆံစုရမှာ အမှန်ဆို အခုထက် အဆများကြီးတောင် အလုပ်ပိုကြိုးစားနေသင့်တာ"

"ငါ့မှာပလန်ရှိတယ်"

Sehun တစ်ယောက် ဘာတွေများကြံနေလဲတော့မသိ။ သက်ပြင်းမောတစ်ခုခိုးချမိသည်။

"မင်းနဲ့ငါ အခြေအနေချင်းမတူဘူးလေ Sehun ရယ်"

"ငါ့အတွက် plan မဟုတ်ဘူး ... မင်းအတွက်"

"ငါ့အတွက်?..."

သိလိုစိတ်ကြောင့်ဘေးစောင်းကာလှည့်ကြည့်မိတော့ Sehun က ခဏဟု လက်ကာပြ၍ ခပ်သွက်သွက်ထွက်သွားသည်။ Sehun မရှိတော့သည်နှင့် ဝှက်ထားကြသောအကြည့်တွေက လူပေါ်ကျလာတော့သည်။

စူးစမ်းနှိမ့်ချဟန်အပြည့်စွက်နေသော ထိုမျက်ဝန်းတွေကိုခံနိုင်ရည်မရှိတာကြောင့် အိမ်အနောက်ဖက်ရေကူးကန်ဆီသာ ထွက်လာလိုက်တော့သည်။ ထိုနေရာကတော့ တိတ်ဆိတ်ကောင်းပါရဲ့။

ထင်သည့်အတိုင်းပါလေ။ ကိုယ်စီအလုပ်ရှုပ်နေသော ဝန်းထမ်းတချို့တလေကလွဲ၍ ဧည့်သည်တစ်ဦးမှပင်ရှိမနေ။ ဒီနောက်ကို ဝင်မလာဖို့ ကန့်သတ်ထားခြင်းတော့ မဟုတ်တန်ရာ။ အဲ့လိုသာတားမြစ်ထားရင် ကိုယ်တိုင်တောင် ဒီနေရာမရောက်နေနိုင်လောက်ဘူးလို့ထင်ရတာပဲလေ။

Arrogant Sunshine Where stories live. Discover now