အပိုင်း ၁၂

159 31 8
                                    

Unicode

အိစက်ညက်ညောသောနှစ်ယောက်အိပ်ကုတင်ကြီးပေါ် တစ်ယောက်တည်းလွတ်လွတ်လပ်လပ်အိပ်ရသည့်ခံစားချက်မှာ ဘာနဲ့မှမလဲနိုင်အောင်ပင်။ မျက်လုံးနှစ်လုံးပွင့်တော့ တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တာမို့ စိတ်ရောလူပါ လန်းဆန်းတက်ကြွနေတော့သည်။

အိပ်ခန်းထဲတွင်တွဲလျက်ပါရှိသော ရေချိုးခန်းထဲသို့ ကိုယ်လက်သန့်စင်ရန် ကုတင်ပေါ်မှထလိုက်၏။ အရွယ်ရောက်ပြီး ယောက်ျားတစ်ဦးတည်းနေသည့်အခန်းနှင့်လိုက်ဖက်စွာ ဘေစင်ပေါ်မှာလိုအပ်သည်ကလွဲ၍ ဘာမှမရှိ။

တစ်ခါမှမမြင်ဖူးသော မျက်နှာသစ်ဆေးကိုအနည်းငယ်ညှစ်သုံးလိုက်သည်။ အနံ့မှာ ပါသည်ဆိုရုံသင်းဖျဖျ။ မျက်နှာအနှံ့ပွတ်ပြီးတော့ ပူရှိန်းနေတော့၏။ ပါဝင်ပစ္စည်းထဲတွင်  Baek Hyun အရမ်းမုန်းသော ပရုတ်အေး (menthol) ပါနေပုံရသည်။ လက်သရမ်းတာမှားပြီလေ။

မနေ့ညက Chan Yeol ပေးဝတ်သော အရွယ်မတော်သည့် အဝတ်အစားပွယောင်းယောင်းတွေကို ချွတ်ကာ ကိုယ့်အဝတ်ကိုယ်ပြန်ဝတ်လိုက်သည်။ အခုမှပဲ Chan Yeol အခန်းကို သေချာကြည့်မိတော့သည်။

အခန်းနံရံအားလုံး အနက်ရောင်သုတ်ထားသည်ကိုတော့ မနေ့ညတည်းက ထူးဆန်းလွန်း၍သတိထားမိပါသည်။ ပရိဘောဂနှင့်အသုံးအဆောင်ပစ္စည်းအားလုံးကို အဖြူရောင်ချည်းသုံးထားသည်မှာတိုက်ဆိုင်၍တော့ မဟုတ်တန်ရာ။

အဖြူနှင့် အနက်ချည်းဖြစ်နေသော Chan Yeol အခန်းက စန္ဒယားတစ်ခုထဲပိတ်မိနေသလို စိတ်မွန်းကြပ်စရာတော့ကောင်း၏။ ဒီလိုဒီဇိုင်းမျိုးကို Chan Yeol ဘာလို့လုပ်ထားပါလိမ့်။ Chan Yeol ဟာ နီးစပ်လာလေလေ ပို၍သိရခက်ခဲလေပင်။

အခန်းအပြင်ကိုထွက်တော့ Chan Yeol ကိုမတွေ့။ သူစိမ်းတစ်ယောက်ကို ဒီလိုပဲအိမ်မှာထားပြီးလျှောက်သွားနေတော့တာပဲလား။ မျက်နှာလေးကို ချက်ချင်းမတွေ့ရ၍ စိတ်ကမကြည်လင်တော့ပြန်။

တီ ...

ဟော ဒုက္ခပဲ။ Chan Yeol မရှိကာမှ ဧည့်သည်လာပြီထင်။
တံခါးရှေ့မြင်ရသော စခရင်အကွက်လေးထဲကြည့်တော့ အမျိုးသမီးတစ်ဦးဖြစ်နေသည်။ Baek Hyun မျက်မှောင်တို့ကို အလိုမကျစွာ တွန့်ချိုးမိသွားသည်။

Arrogant Sunshine Donde viven las historias. Descúbrelo ahora