အပိုင်း ၃

251 32 0
                                    

Unicode

ဆိုင်အဝင်တံခါးကိုတွန်းဖွင့်ခံလိုက်ရ၍ တံခါးအထက်တွင်ချိတ်ထားသော ခေါင်းလောင်းသံလေးက သာယာစွာမြည်လို့လာသည်။ လက်ထောက်မန်နေဂျာ Kai ၏ ကြိုဆိုပါတယ်ခင်ဗျာ ဆိုသည့်နွေးထွေးသော နှုတ်ဆက်သံက နားစည်ထဲပျံ့လွင့်လာလေသည်။ မှန်ပြတင်းဘက်ကပ်၍နေရာချထားသော စားပွဲခုံအဖြူလေးပေါ်တွင် စားပွဲတင်ပန်းအိုးအသေးလေးက ရိုးရှင်းစွာနေရာယူထားသည်။ ဝင်လာသည့် customer က ထိုစားပွဲဆီဦးတည်လျှောက်သွားသည်ကိုမြင်၍ ချထားသော ထိုင်ခုံနှစ်ခုံမှ ဆိုင်အပြင်ဘက်ကို လှမ်းမြင်နိုင်သောတစ်ခုကိုရွေးကာ အဆင်သင့်ထိုင်နိုင်ရန်ဆွဲထုတ်ပေးလိုက်သည်။ သို့သော် customer က ထုတ်ပေးထားသည့်ခုံနှင့် ဆန့်ကျင်ဖက်ဖြစ်သော ကောင်တာသို့မျက်နှာချင်းဆိုင်ထားသည့်ထိုင်ခုံကိုထုတ်ကာထိုင်သည်။

ထုတ်ထားသောထိုင်ခုံကိုစားပွဲအောက်ပြန်သိမ်းကာ မီနူးကိုcustomerရှေ့ချရုံရှိသေး ဩရှရှအသံဖြင့် Milk Tea တစ်ခွက်ကိုမှာသည်။ မီနူးကိုပြန်ယူရပြန်သည်။
လက်ထောက်မန်နေဂျာကြည့်နေ၍သာ မျက်နှာကိုမနည်းဖြစ်ညှစ်၍ ကြိုးစားပြုံးနေရသော်လည်း စိတ်ထဲတွင်တော့ ဒီကောင် ဘာကောင်လဲဟု အကြိမ်တစ်ရာမကအော်ဆဲပြီးပြီ။

ချပေးသော Milk Tea ကိုမသောက်မှီ ခွက်နှုတ်ခမ်းကိုတစ်ရှူးဖြင့်သုတ်နေသေးသည်။ ခြေတံရှည်ကြီးများကိုတစ်ခုပေါ်တစ်ခုချိတ်လျက် ထိုင်ခုံနောက်မှီကိုမှီကာ ထိုင်နေပုံမှာစမတ်ကျလွန်းသည်။ ဝတ်ထားသည့် အဝတ်အစားအများ၏ အရောင်အသွေးက ကျွန်တော်နှင့်မတူညီသော အဆင့်အတန်းတစ်ခုမှဖြစ်ကြောင်း ညွှန်ပြနေသည်။ Milk Tea ခွက်ကိုလက်မှာကိုင်ရင်း မျက်လုံးတို့က ပြတင်းတံခါးဆီမှအပြင်သို့ငေးနေသည်။ ဆိုင်ထဲတွင်ဖွင့်ထားသောသီချင်းအေးအေးငြိမ့်ငြိမ့်လေးကနေ ရုတ်ချည်း ရော့ဂ်ဂီတဆီပြောင်းသွားတော့ မျက်ခုံးထူထူတန်းတန်းတို့ကိုတွန့်ကွေးကာ Milk Tea ကို စားပွဲပေါ်ခဏပြန်ချသည်။

မြင့်မားသောအရပ်နှင့်သန့်ပြန့်စွာဝတ်စားထားပုံကပေါ့ပ်အဆိုတော်တစ်ယောက်အလားထင်မှတ်ရသည်။ ဖုံးဖိမရအောင် နုငယ်လွန်းနေသည့်မျက်နှာက အထက်တန်းကျောင်းသားအရွယ်ပတ်ချာလည်ဖြစ်နေနိုင်ကြောင်းထောက်ပြနေသည်။ ပြောမရ၊ ကျွန်တော်နဲ့တောင် ရွယ်တူဖြစ်နေနိုင်သည်။

Arrogant Sunshine Tahanan ng mga kuwento. Tumuklas ngayon