အပိုင်း ၁၅

178 36 9
                                    

Unicode

အပိုင်း ၁၅

မိုးတိမ်တို့ကင်းစင်ပြီး ကောင်းကင်ပြင်တစ်ခုလုံးကရှင်းလင်းနေသည်။ နေရောင်ခြည်လည်းသိပ်မပြင်းထန်၍ အပူဒဏ်မှသက်သာနေ၏။ လေပြည်ညှင်းလေးတွေ ဆော့ပြေးကစားနေသော တနင်္ဂနွေနေ့မှာ Baek Hyun တစ်ယောက် ဘုရားကျောင်းသို့ရောက်နေသည်။

အကြောင်းအရင်းက Chan Yeol ကြောင့်ပေ။ ကိုယ် ... မင်းနဲ့အတူ ဘုရားကျောင်းတက်ချင်တယ်ဆိုသည့် တောင်းဆိုမှုမမည်သော စကားလေးကို ဘယ်သူကများငြင်းနိုင်ပါအံ့နည်း။

Baek Hyun ကအဖြူရောင်ရှပ်ပျော့လက်ရှည်လေးနှင့် ဂျင်းအဖြူရောင်လေးဝတ်ထားသည်။ ဒီဖက်ရှင်က Chan Yeol စိတ်တိုင်းကျဆင်ပေးထားခြင်းမို့ Baek Hyun မှာ တိမ်ပေါ်လမ်းလျှောက်သလို ဝမ်းသာပီတိဂွမ်းဆီထိနေရတော့သည်။

အညိုရောင်ဆွယ်တာအပါးလေးနှင့် စိမ်းပုပ်ရောင်စတိုင်ပက်အနက်ဝတ်ထားသော Chan Yeol က ဆံပင်အညိုတွေကို နောက်သို့လှန်တင်ထားတာမို့ လူငယ်ဆန်သော်လည်း တစ်ပြိုင်နက်တည်းမှာ ဆွဲဆောင်မှုရှိနေပြန်သည်။

ဘုရားကျောင်းဆောက်ထားသော ခြံဝန်းထဲတွင် မိုးမခပင်ကြီးက အခက်အလက် ဝေဝေဆာဆာဖြင့် အရိပ်အာဝါသပေးနေသည်။ သင်းအုပ်စရာနှင့်စကားပြောနေသော Chan Yeol အနားမှ ထွက်လာကာ မိုးမခပင်အောက်ရှိ ခုံတန်းလျားလေးမှာ ထိုင်နေလိုက်သည်။

"ရော့"

"ကျေး ... ဇူး"

Chan Yeol ကမ်းပေးတဲ့ ကော်ဖီဘူးကိုယူရင်း မသောက်မိဘဲ လက်ထဲမှာသာ ကိုင်ထားဖြစ်၏။ Chan Yeol လက်ထဲမှာတော့ ကော်ဖီဘူးရှိမနေဘဲ မီးမညှိရသေးသော ဆေးလိပ်သာရှိနေသည်။

ဘေးနားလက်တစ်ကမ်းအလိုမှာ ခန္ဓာကိုယ်ချင်းမထိဘဲ အမှတ်တမဲ့ထိုင်နေသော Chan Yeol ကို ခေါင်းလေးစောင်းကာငဲ့ကြည့်မိသည်။ Chan Yeol ကတော့ သူ့မျက်လုံးရှေ့တူရှုရှိ မြက်ခင်းပြင်ပေါ်တွင် ပြေးလွှားဆော့ကစားနေသော ကလေးငယ်များကို ရေပြင်ကဲ့သို့ငြိမ်သက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သတ်သေဖို့ကြိုးစားစဉ်ခဲ့က ခေါင်မိုးထပ်တွင် ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်ကအတိုင်း၊ ဒုတိယအကြိမ်အဖြစ် လမ်းထိပ်က Mart နားမှာ Baek Hyun ကိုကြည့်နေခဲ့သည့်ပုံစံအတိုင်း၊ အမြဲမြင်တွေ့နေရသည့် အေးစက်စက်ဖြင့်အဓိပ္ပာယ်ဖော်ရခက်သော မျက်လုံးများက Chan Yeol ရဲ့ အထင်ရှားဆုံးလက္ခဏာပင်။

Arrogant Sunshine Место, где живут истории. Откройте их для себя