အပိုင်း ၂၃

155 37 5
                                    

  "ကျောင်းပြန်တက်ရတော့မယ်မလား"

   "အွန်း ... မသွားချင်သေးဘူး Chan Yeol ရာ"

ဆိုဖာပေါ်မှာ ‌ပျင်းရိစွာထိုင်ရင်း Chan Yeol ရင်ခွင်ကို မှီတွဲလျက် Baekhyun ငြီးငြူလိုက်တော့ Chan Yeol က ပြုံး၏။ ထို့နောက် Baekhyun ဆံပင်လေးများကို ပွတ်သပ်လာသည်။

   "Chan Yeol ရော ဒီမှာ ဘယ်လောက်ကြာဦးမလဲဟင်"

Baekhyun မေးခွန်းကြောင့် Chan Yeol က တစ်ချက်တွေဝေသလိုဖြစ်သွားသည်။

   "အင်း အတိအကျတော့ မသိသေးပါဘူး ... ပြန်ဖို့က လိုပါသေးတယ်"

   "ဟီး တော်ပါသေးရဲ့"

Baekhyun စိတ်သက်ရာရသလိုပြောလိုက်ပေမယ့် Chan Yeol ကတော့ အတွေးများသလို ဖြစ်နေသည်။ မျက်ဝန်းနက်နက်တစ်စုံက အကြောင်းမဲ့ အခန်းထောင့်က ပန်းအိုးကိုစူးစိုက်ကြည့်နေသည်။

   "ပိတ်ရက်ကျ တစ်ခေါက်လောက်ပြန်ရင်ကောင်းမလားဟင်"

Baekhyun ၏အကြံဉာဏ်‌တောင်းနေသလိုဟန်လေးက ချစ်စရာကောင်းပေမယ့် Chan Yeol ကတော့ မျက်မှောင်ကျုံ့ကာကြည့်လာ၏။

   "ဘာကိစ္စနဲ့ပြန်မှာလဲ"

   "ဟင် ... ဒီတိုင်း Kai တို့ကို လွမ်းလို့လေ ... "

Chan Yeol က သိသိသာသာပင် Baekhyun ကို ဖက်ထားရာမှ ခွာသွား၏။

   "Cosmos မှာက အကြာကြီး လုပ်ခဲ့တာဆိုတော့ ... "

   "မင်း သဘောပဲ"

ပြောပြောဆိုဆို ပြတင်းတံခါးနား ထသွားကာ Baekhyun ကို ကျောပေးလျက် ဆေးလိပ်သောက်နေ၏။ Baekhyun လည်း တစ်ချက်တွေဝေနေပြီးမှ ဆုံးဖြတ်ချက်ချကာ Chan Yeol အနားကပ်၍ နောက်ကျော‌ဆီမှ သိုင်းဖက်လိုက်သည်။

   "ဟို သွားမနေတော့ပါဘူး ‌... အသွားအပြန်လုပ်ရတာ အချိန်ကုန်ပါတယ် Chan Yeol နဲ့ပဲ အချိန်ဖြုန်းတော့မယ်"

ထိုအခါမှ Chan Yeol က ပြန်လှည့်လာကာ Baekhyun ကိုရင်ခွင်ထဲဆွဲသွင်းထားသည်။ စောနက တွန့်ချိုးနေသော မျက်ဝန်းတစ်စုံလည်းမရှိတော့ပေ။

ပုံမှန်ဆို Baekhyun က ဆေးလိပ်နံ့ကို မခံနိုင်ပေမယ့် အခုတော့ Chan Yeol ကြောင့် တော်တော်ကျင့်သားရနေပြီဖြစ်၏။ ပြောရလျှင် Chan Yeol ၏ ဆေးလိပ်နံ့စွဲနေသော နှုတ်ခမ်းများကို တရှိုက်မက်မက် ခုံမင်နေမိလေပြီ။

Arrogant Sunshine Donde viven las historias. Descúbrelo ahora