အပိုင်း ၁၃

151 32 4
                                    

Unicode

Sehun မောင်းလာသောကားက Chan Yeol ၏ကွန်ဒိုရှိသော တာဝါရှေ့မှာငြိမ့်ခနဲရပ်လိုက်သည်။ မြစ်ဘေးနှင့်သိပ်မဝေးတာကြောင့် ခဏသာကြာလိုက်၏။

"လိပ်စာမပြောဘဲ ဘယ်လိုသိတာလဲ"

"မာမီ့မျက်လုံးအောက်က သူရှောင်မပုန်းနိုင်ပါဘူး ... ငါ ပြန်ပြီ"

Sehun ကိုခေါင်းငြိမ့်ပြပြီး ဓာတ်လှေကားထဲဝင်ကာ နံပါတ် ၁၇ ကိုနှိပ်လိုက်သည်။ Sehun ကိုတောင်မခေါ်လိုက်ရ။ ပြောသာပြောရတာ Chan Yeol မကြိုက်မှာလဲ ဆိုးရသည်။

Sehun ပြောပုံအရဆို သူ့မာမီက Chan Yeol ကိုအမြဲစောင့်ကြည့်နေပုံရသည်။ ဘာအကြောင်းတွေရှိလို့ပဲဖြစ်ဖြစ် အဲ့လိုဘဝကြီးက မွန်းကြပ်စရာကောင်းနေမှာပဲ။ ကိုယ်ါဘဝကိုယ်မေ့ကာ ဒီမြို့မှာနာမည်အကြီးဆုံးတာဝါ၏ ၁၇လွှာရှိ ကွန်ဒိုတွင်နေသော Chan Yeol ကို သနားမိလိုက်သေးသည်။

တီ

ဘဲလ်တီးလိုက်ပေမယ့်တံခါးကပွင့်မလာ။ Chan Yeol မရှိတာများလား။ ပြောပြထားသည့် လျှို့ဝှက်နံပါတ်ကို ရိုက်လိုက်တော့ အခန်းတံခါးက ပွင့်လာသည်။ ကျေနပ်စိတ်လေးအနည်းငယ်ဖြင့် အခန်းထဲသို့ပီတိဖြစ်စွာဝင်လာခဲ့လိုက်သည်။

Chan Yeol ကို ဘယ်မှာမှရှာမတွေ့၍ ဖုန်းဆက်ကြည့်ရန်ဆုံးဖြတ်လိုက်၏။ သူ့ဆီလာပါသည်ဆိုမှ သူမရှိတော့ ဘာလုပ်နေရတော့မည်လဲ။

"ရေခဲသေတ္တာထဲမှာ ကိတ်ရှိတယ် ... စားနှင့်လိုက်နော် ... ကိုယ်အလုပ်ပေါ်လာလို့ နောက်ကျမယ်"

ဖုန်းဝင်ဝင်ချင်းဟယ်လိုပင်မထူးရသေးခင် ဆက်တိုက်ပြောပြီး ဖုန်းချသွားသူက Chan Yeol ရယ်ပါ။ အိမ်ကို ရောက်နေလားတောင်မမေးပုံက သေချာပေါက် Baek Hyun လာမှာကိုသိနေ၍ အပိုင်ကြီးပြောသွားခြင်းပင်။

တစ်ယောက်တည်းစိတ်ရှုပ်စွာ ဧည့်ခန်းဆိုဖာပေါ်အကြာကြီးထိုင်နေမိသည်။ မှန်ပြတင်းပေါက်တွေဆီမှ နေရောင်တွေဝင်မလာနိုင်တော့သည်အထိ မှောင်ကျသွားကာမှ ထိုင်ရာမှထကာရေချိုးလိုက်သည်။ မီးခလုတ်တစ်ခုမှဖွင့်မထားသည့်အပြင် အခန်းနံရံမဲနက်နက်တွေကြောင့် ဘာမှမမြင်နိုင်အောင်ပင် မှောင်မဲလို့နေတော့သည်။

Arrogant Sunshine Tempat cerita menjadi hidup. Temukan sekarang