အပိုင်း ၁၀

152 27 8
                                    

Unicode

အပိုင်း ၁၀

တစ်ခုသောနေ့လည်တွင် ကောင်းကင်ပြာကြီးအတွက် နေရောင်ခြည်က ပျော်ရွှင်စွာ ဖြာလင်းပေးနေသည်။ Kai ကို အားနာစွာဖြင့်ပင် ထပ်မံခွင့်ယူရပြန်သည်။
Kai က တစ်ခြားသူတွေနှင့်မတူဘဲ ခွင့်ယူလည်း လစာမဖြတ်အောင် ကာပေးတတ်သောကြောင့် မျက်နှာပူရသည်။ ပန်းဆိုင်မှဆို အလုပ်ပါထွက်လိုက်ရတော့သည်။

အလုပ်လက်မဲ့ ဖြစ်စေသည့်တရားခံမှာ Sehun ပင်။
တစ်ပတ်မှနှစ်ရက်လုပ်ရသည့်အလုပ်ကို တနင်္ဂနွေနေ့တိုင်း နေ့တစ်ပိုင်းခွင့်ယူခိုင်းလေသည်။ အမှန်ဆို ဒင်းက အလုပ်ပါထွက်ခိုင်းခြင်းဖြစ်၏။ အလုပ်တော့လုံးဝမထွက်နိုင်ကြောင်း တင်းခံထား၍သာ လက်မလျှော့ချင်လျှော့ချင်ဖြင့် လျှော့သွားသည်။

သားငယ်လေးက Baek Hyun ကိုသိပ်ခင်တာ ဆိုသော အန်တီ့စကားကြောင့်သာ Sehun ကို အောင့်သက်သက်ဖြင့်လိုက်လျောနေရသည်။ Cafe ရှေ့မှာရပ်စောင့်နေရင်း customer ကျနေသောဆိုင်ထဲကို တစ်ချက်ရှိုးမိတော့ လိပ်ပြာမလုံစွာ ကောင်တာမှမြင်ကွင်းကွယ်ရာသို့ ရွှေ့လိုက်သည်။

"ကြာလိုက်တာ ... "

Sehun ၏မပြောင်းမလဲ တစ်စီးတည်းသော ကားအနက်ရောင်လေး ရပ်ရပ်ချင်း စိတ်တိုတိုဖြင့်ပြောလိုက်၏။ ကားတံခါးကိုဖွင့်ဝင်တော့ Sehun မျက်နှာကရယ်မြူးရိပ်တွေအပြည့်။

"ဘာတွေများအူရွှင်နေတာလဲ"

"အိမ်ရောက်ရင်သိလိမ့်မယ်"

ပဟေဠိဆန်ဆန် ပြောပြီးနောက် Sehun က ကားကို စက်နှိုးတော့သည်။ Baek Hyun လက်က အကျင့်ပါနေသည့်အတိုင်း ရေဒီယိုခလုတ်ကိုလှည့်ဖွင့်လိုက်တော့ ရင်းနှီးနေသည့် အင်္ဂလိပ်သီချင်းသံကထွက်လာသည်။

Cafe မှာအလုပ်လုပ်ရတာဒီတစ်ခုတော့ကောင်း၏။ အင်္ဂလိပ်သီချင်းတွေနဲ့ ပိုပြီးရင်းနှီးလာသည်။ အင်္ဂလိပ်စာကိုလည်း အရင်လိုမကြောက်တော့။

"Lady, running down to the riptide
taken away to the dark side
I wanna be your left hand man
I love you when you are singing that song and..."

"အဲ့သီချင်းက ငါ့ favorite ပဲ"

သီချင်းကိုခပ်တိုးတိုးလိုက်ဆိုနေတုန်း Sehun ထံမှစကားသံကြောင့်ရပ်လိုက်သည်။

Arrogant Sunshine Место, где живут истории. Откройте их для себя