မမ က ထွက်သွားလို့ ပြောလာမှ တော့ ပျို လဲ အခန်းထဲ က ပစ္စည်းလေးတွေကို သိမ်းပြီး မမ ပေးထားတဲ့ ဖုန်းကို Sim Card ထုတ်လိုက်ပြီး ပျို့ ရဲ့ အရင် ဖုန်းအဟောင်းထဲ ပြန်ထည့်လိုက်တယ် ( မမ က ပြောထားတယ်လေ အလုပ်ထွက်ရင် ထားခဲ့ရမယ်တဲ့) ပြီးတော့ မနေ့တနေ့ က မှ ချစ်သက်လက်ဆောင်ဆိုပြီး မမ ဝယ်ပေးထားတဲ့ ဆွဲကြိုးလေး ကို ဖြတ်လိုက်ပြီးဗူးလေးထဲ ထည့်ကာ မှန်တင်ခုံပေါ် တင်လိုက်တယ်
ပြီးတော့ စာလေးတစ်စောင် ရေးထားခဲ့လိုက်တယ် ဒီစာကို မမ ဖတ်မိရင် ပျို့ ကို မုန်းနေတယ်ဆိုရင်တောင် ပျို့ အချစ်ကိုတော့ နားလည်ပေးနိုင်မှာပါ
အဲ့နောက်မှတော့ လာတုန်းက အတိုင်းလေးပဲ ပျို ရဲ့ အဝတ်စားတွေပဲ ပါတဲ့ အဝတ်အိတ်ကို ဆွဲပြီး အောက်ကိုဆင်းလာခဲ့တယ် ( မမ ပြောတဲ့ သုံးလစာ ဆိုတာကြီးကိုလဲ ပျို မမက်မောပါဘူး)
အောက်ရောက်တော့ နွယ်နီ က
" မမပျို ဘယ်သွားမလို့လဲ "
"အိမ်ပြန်တော့မယ် နွယ်နီ " နွယ်နီ က သက်ပြင်းလေးချရှာသည် အင်းပေါ့ လေ သူ့သခင်မ အကြောင်းသူပဲ သိမှာပေါ့ ပျို လဲ တစ်ခုသတိယ သွားပြီး
"နွယ်နီ"
"ရှင် မမ ပျို "
" ပျို့ ဖုန်းနာပါတ်လေး ယူထားလိုက်ပါလားဟင် ပြီးတော့ ပျို့ကိုလဲ နွယ်နီ နာပါတ်ပေးလို့ တကယ်လို့ များ မမ မှာ ကိစ္စတစ်ခုခုရှိလာခဲ့ရင် ပျို့ ကို ဆက်ပေးပါနော် "
" ဟင်း........သနားလိုက်တာ မမပျိုရယ် "
" ရပါတယ် နွယ်နီ ရယ် ပျို ဘာမှ မဖြစ်ပါဘူး "
နွယ်နီ ဆီ က ဖုန်းနာပါတ်ယူပြီး ပျို့ ဖုန်းနာပါတ် ပြန်ပေးကာ ထွက်လာခဲ့လိုက်တယ်တော့ အိမ်ယာထဲမှာဆိုတော့ ကားငှားဖို့ မလွယ်တာမို့ အိမ်ယာ အပြင်ထိ လမ်းလျောက်ထွက်လာခဲ့ လိုက်သသည်။မေမေ့ ကို တော့ စိတ်ပူနေမှာစိုးလို့ ဖုန်းကြိုမဆက်ဖြစ် ။ ပြန်ရောက်မှပဲ အကြောင်းစုံ ရှင်းပြတော့မယ် ဟု တွေးလိုက်ကာ ကားငှားလိုက်သည်။
အိမ်ရောက်တော့ ပျို့ ကို မြင်လိုက်တဲ့ မေမေ က ပျို ထင်ထားသလို အံသြနေသည်။
![](https://img.wattpad.com/cover/333892848-288-k715872.jpg)
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
Actionမာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး