အပိုင်း ၂၁

3.1K 139 2
                                    

ထိုအချိန်မှာ မာမီ လဲ ရောက်ချလာသည်။ ပျို့ ရဲ့ ဖုန်းလဲ Ring မြည်လာလို့ ကြည့်လိုက်တော့ နိုင်ငံခြား call ဖြစ်နေသည် မမနန္ဒီ ဖြစ်နိုင်တယ် လို့ တွေးပြီး

" ဟဲလို "

" အေး ပျို ဘယ်လိုတွေဖြစ်ကြတာလဲ "

" မသိတော့ပါဘူး မမနန္ဒီ ရယ် ညက ဖုန်းကဒ်သွားဝယ်ကြတာ ပျိုက ကားလမ်းမကူးရဲတော့ မမကုဋေ က တွဲလျောက်ပေးတာ ဘယ်သူဖွလိုက်လဲ မသိတော့ပါဘူး "

" အင်း ပျို မမ ဒေါသ ထွက်နေလောက်တယ် ကြည့်ထိန်းဦးနော် "

" ဟုတ် "......မမနန္ဒီ က ဖုန်းချသွားတယ် ဒေါသ ထွက်နေတဲ့ မမကို မာမီ က

" မင်းသမီး တစ်ယောက်ဆိုတာ ဒီလိုအတိုက်အခိုက်ကတော့ရှိမှာပဲ ကုဋေ ဒါကို ထူးပြီးခံစားနေရင် သမီးကျရှုံးသွားမယ်လေ "

" မဟုတ်ဘူး မာမီ တစ်ခြားအကြောင်းဆို ဘယ်လောက်ဖြစ်ဖြစ် ကုဋေ လက်ခံနိုင်တယ် အခု က ကုဋေ သိက္ခာတွေ မြောင်းထဲ ရောက်ကုန်တယ် မိန်းကလေးချင်းကြိုက်တယ် ဆိုပြီးကုဋေ့ ကို အကုန်လက်ညိုးဝိုင်းထိုးမှာ ကုဋေ ဘယ်နည်းနဲ့မှ သည်းမခံနိုင်ဘူး "

မမ က ပြောလဲ ပြော ပျို့ကို စူးရဲ တဲ့ မျက်လုံးတွေနဲ့ ကြည့်နေလေသည်။

" ကဲ ကုဋေ ဒီကိစ္စ ​ကို ရှူတင်က ပြန်လာမှ ဘယ်လိုရှင်းရမလဲ အဖြေရှာရအောင် အခုတော့ Shooting ကို သွားရအောင်နော် နောက်ကျရင် ပြောစရာထပ်ဖြစ်ကုန်မယ် " မာမီက မမ ကိုနားချပြီး ခေါ်ထုတ်လာခဲ့သည် ပျိုလဲ လပ်ကေ့ လေး ယူပြီး လိုက်လာခဲ့သည် ကားပေါ်တက်ပြီး မောင်း ထွက်ခဲ့တယ်

မမ ကို လှည့်ကြည့်တော့ ပျို့ ကို မကြည့်ပဲ အပြင်ဘက်သို့ သာ ကြည်နေ့တယ် လက်သီးကိုလဲ တင်းတင်းစုပ်ထားသေးတယ်

ပျို လဲ ရှုတင်ဒါရိုက်တာ ဆီ ဖုန်းဆက်ပြီး...
လာခဲ့ပေးရမယ့် နေရာ ကို အတိကျမေးလိုက်သည်။

ရောက်တော့ မမ က ဆင်းသွားပြီး စကားပြောနေတာ တွေ့ရတယ် ခါတိုင်းဆို ပျို ပဲ ဆင်းပြောရတာလေ

ပြီးတော့ ကားပေါ် ပြန်တက်လာပြီး

"မာမီ ၊ မြို့သူတောကိုစရောက်ခါစ ပုံစံလေး မိတ်ကပ်ကို ပါးပါးကြည်ကြည်လေးလိမ်းပေး ဝတ်စုံက ပျို အဝါရောင်ဝတ်မှာ "

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now