Hotel ကို ရောက်တော့ အချိန်က ၅နာရီခွဲပင် ရှိနေပြီ မို့ ပျို လဲ ပွဲတာဝန်ခံကို ဖုန်းဆက်လိုက်ပြီ ရောက်နေပြီ ဆိုတာကို အကြောင်းကြားလိုက်သည် ထို့နောက် မမ ကို ကားပေါ်မှ ဆင်းစေကာ ပျို နဲ့ မမနန္ဒီ တို့ တစ်ယောက်ဖက် နေလိုက်ပြီး Hotel ထဲ သို့ဝင်ခဲ့လိုက်သည်
Hotel အဝင်ကို ရောက်တော့ လူတစ်ယောက်က သူ့ကိုသူ ပွဲတာဝန်ခံပါလို့ မိတ်ဆက်ရင်း ဆီးကြိုနေလေသည် ။ Hotel ထဲ ဝင်ပြီး ခန်းမ ထဲ ရောက်ပြီ ဆိုတာ နဲ့ Media သမား က အလုအယက် ဓာတ်ပုံတွေ ရိုက်လာကြတယ်
လုံခြုံရေး သုံးလေးဦး နဲ့ ပွဲတာဝန်ခံ က မမ ကို ဦးဆောင်ခေါ်သွားပြီး မမ အတွက် စီစဥ်ပေးထားတဲ့ VIP ဝိုင်း မှာ ဝင်ထိုင်စေသည်။ ပျိုတို့ကိုလဲ ထိုဝိုင်းမှာပဲ ထိုင်စေခဲ့တယ် ပျို က မမကိုကြည့်ပြီး
" မမ Photo ရိုက်ဦးမလား "
" မရိုက်တော့ဘူး ခွန်း ရတယ် တို့ ကင်မရာတွေ စိတ်ကျဥ်းကြပ်လို့"
ဟုတ်လဲဟုတ်တာပဲ ကင်မရာတွေ ရဲ့ မီးရောင်က မမ ဆီ တဖျပ်ဖျပ် ရယ်
မမနန္ဒီ က တော့ မမ က ပျို့ ခွန်းလို့ ခေါ်လိုက်တာကို သတိထားမိသွားပြီး ပြုံးစိ ပြုံးစိ ဖြစ်နေသည် ။သိပ်မကြာဘူး စင်ပေါ်ကို မော်ဒယ် တစ်ချို့ တက်လာပြီး နေရာယူလိုက်ကြသည် ။ ပွဲစချိန် ၆ နာရီ ကွက်တိပါပဲ
ဖျော်ဖြေမှု တစ်ခုပြီးတစ်ခု အပြီး မှာတော့ အချိန်အား ဖြင့် ည၈နာရီဖြစ်နေပြီ မို့ Crown ကြေညာရန် ပွဲကြေညာသူမှ ဆုရ မော်ဒယ် ဆယ် ဦး ကို ခေါ်ထုတ်လိုက်ပြီး ပရိတ်သတ်ထဲမှ ဖိတ်ကြားထားသူတွေအား ဆု ချ ပေးရန် တောင်းဆိုနေသည် ။
Crown ရသူကို ဂုဏ်ပြုရမယ့် အလှည့်ကျတော့
" နောက်ဆုံးအနေ နဲ့ 2022 Miss Myanmar ရဲ့ Crown ရရှိသွားသူ မသိမ့်သိမ့်မိုးထက် အား Crown နှင့် တကွ ဂုဏ်ပြုလက်ဆောင်များပေးအပ်ပေးရန်..... 2019 Miss Myanmar Crown ပိုင်ရှင် Model မင်းသမီးချောလေး မဆူးပန်းကုဋေ အား စင်မြင့်ထက်သို့ ဖိတ်ခေါ်ပါတယ် ခင်ဗျ"
ကြေညာသူရဲ့ စကားသံ အဆုံးမှာ မမ က မတ်တပ်ရပ်လိုက်ပြီး စင်မြင်ထက်သို့ တက်သွားလေသည် ပျိုလေး ဖုန်းလေးထုတ်ပြီး မမ ရဲ့ ပုံကို နှစ်ပုံသုံးပုံ ရိုက်ထားလိုက်သည် ( မော်ဒယ်လို မပြောရဘူး လမ်းလျောက်တာ လှလိုက်တာ)
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
Acciónမာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး