အပိုင်း ၂၄

3.5K 138 0
                                    

နဖူးလေးကို လာစမ်းတဲ့ လက်ဖဝါးနုနုလေးရဲ့ အထိအတွေ့​ကြောင့် ကုဋေ့ ဘေးနားကို ချစ်ရပါသော ကလေး ရောက်နေပြီ ဆိုတာ ကုဋေ သိလိုက်သည် မို့

အရင်ရက်က မအိပ်ရတာတွေပါ အတိုးချပြီး အိပ်ပျော်သွားတယ်
အိပ်ယာက နိုးတော့ မျက်လုံးလေး မပွင့်တပွင့် ဖွင့်ကြည့်လိုက်တော့ ကုတင်ဘေးလေးမှာ ထိုင်ပြီး ကုဋေ့ကို ကြည့်နေရှာတဲ့ ကလေးကို တွေ့လိုက်တာမို့ စိတ်က ကြည်လင်လန်းဆန်းသွားသည်

ဒီလို ခံစားမှု မျိုး မရတာ ၇ ရက်တောင် ဖြစ်နေပြီ
(၇) ရက် အတော်အတွင်းမှာ ​ကလေး မျက်နှာလေးလဲ အတော်ကို ချောင်ချသွားရှာတာပဲ

ကလေး မရိပ်မိအောင် ဘယ်လို အိပ်ယာ ထ ရပါ့မလဲ
နောက် ကုဋေ လက်လေးနဲ့ နထင်ကို ဖိလိုက်တယ်

" အာ့....ကျွတ် ကျွတ် " ခေါင်းမူးချင်ဟန်ဆောင် ပြီး ထ ထိုင်လိုက်တော့

" ဟင်...မမ မထ နဲ့ လေ ခေါင်းအရမ်းမူးနေမယ် "

" ဟင်...မင်း..မင်း ဘယ်လိုရောက်နေတာလဲ " (မမ တို့များ မင်းသမီးလို့ မပြောရဘူးနော်)

" မမ နေမကောင်းဘူးဆိုလို့ လာကြည့်တာပါ "

" ဘယ်သူပြောလဲ ၊ မင်း လာကြည့်လောက်တဲ့အထိ မဆိုးရွားသေးပါဘူး " ကုဋေ့ စကားကြောင့် ကလေး ရဲ့ မျက်နှာလေး ညိုးငယ်သွားတယ်

" ဟုတ်ကဲ့ပါ....ဒါဆိုလဲ ခွန်း ပြန်လိုက်ပါတော့မယ် ၊ အနှောက်ယှက် ဖြစ်သွားရင် ခွန်း တောင်းပန်ပါတယ် " ပြန်မယ်ဆိုတော့ ကုဋေ့ ရင်ထဲ ဟာတာတာကြီး ဖြစ်သွားရပြန်သည်။

" နေဦး " ပြောပြီး အိပ်ယာမှ ထ လိုက်ကာ အံဆွဲလေးထဲ ထည့်ထားတဲ့ ဆွဲကြိုး နဲ့ ဖုန်းကို ထုတ်လိုက်ပြီး ကလေး အနားလျောက်လာကာ

" ဒါတွေ ဘာလို့ထားခဲ့တာလဲ "

" ဖုန်းက ပြန်ပေးဖို့ ပြောထားလို့ပါ ၊ ဆွဲကြိုးက ကျ တန်ဖိုးကြီးလွန်းလို့ ပျောက်သွားမှာစိုးလို့ပါ "

ကုဋေ လဲ ကလေးငယ် အနားကို လျောက်သွားလိုက်ပြီး
ဆွဲကြိုးလေးကို လည်တိုင် မှာ ပြန်ဆွဲပေးတော့

" ခွန်း...မယူပါရစေနဲ့ " ကလေးစကားကို လစ်လျူရှူပြီး ပြီးအောင် ဆွဲပေးလိုက်သည်။ ဖုန်းလေးကိုလဲ လက်ထဲ ထည့်ပေးလိုက်ကာ

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now