ICU Room ထဲကနေ ဆရာဝန်တစ်ယောက် ထွက်လာတာမို့
" Doctor... Patient အခြေနေ ဘယ်လိုရှိသလဲရှင့် " မာမီက မေးလိုက်သည်။
" Patinet က အချိန်နောက်မကျပဲ ရောက်လာပေမယ့် အခုလက်ရှိချိန်ထိ တော့ စိုးရိမ်ရပါတယ် "
" ရှင် " အာမေဋိတ်သံ နဲ့ အတူ အန်တီက လဲမလိုဖြစ်သွားတာကြောင့် ကုဋေ က ထိန်းလိုက်ပြီး
" ဆက်ပြောပါဆရာ "
" Patient သောက်လိုက်တဲ့ Toxic ဟာ အစာအိမ်နံရံတွေ ကို လောင်ကျွမ်းစေတဲ့အထိ ပြင်းပါတယ် သောက်လိုက်တဲ့ အမျိုးအစားက Fen..............n ဖြစ်နေပါတယ် "
" ရှင် Doctor " ဒီ တစ်ခါ အသံထွက်လာတာက မာမီ ပဲ ဖြစ်သည် ။ ကုဋေ ကိုယ်တိုင်ပင် Doctor စကားကြောင့် ခြေတွေပင်မခိုင်လောက်အောင် ဖြစ်လာသည်။
(မိုက်လိုက်တာ ကလေး )
" ဒါဆို လူနာရဲ့ အခြေနေ က ရော ဆရာ ၊ ကျွန်မ တို့ကို အမှန်တိုင်းပြောပါ ရပါတယ် "
" အခုလောလောဆယ် တော့ အဆိပ်ကို အစာအိမ်ထဲရောက်မသွားစေဖို့ Suction လုပ်ထားပြီးပါပြီ ၊ ဒါပေမယ့် အခန့်မသင့်ရင်တော့ သည်းခြေအိတ်ကို ထိခိုက်သွားနိုင်ပါတယ် "
" ဖြစ်နိုင်မယ် ဆို တက်နိုင်သလောက် ကြိုးစားပေးပါ ဆရာ ရယ်" မာမီ့ ကို ပြောလိုက်သည်။
" ဟုတ်ကဲ့ ကျွန်တော်တို့ တက်နိုင်သလောက်ကြိုးစားနေပါတယ်အစ်မ ၊ တကယ်လို့ ကျွန်တော်တို့ မနိုင်လောက်ဘူးဆိုရင် စိတ်ချရတဲ့ အနေအထား တစ်ခု ထိ လုပ်ပေးလိုက်ပြီး Bangkok ကို သွားဖို့လိုအပ်ပါလိမ့်မယ် ၊ အစ်မတို့ဘက်က အဆင်သင့်လုပ်ထားပေးပါ "
" ဟုတ်ကဲ့ ၊လိုအပ်တာရှိရင် ပြောပါဆရာ "
ပြောစရာရှိတာ ပြောပြီးနောက် Doctor က ထွက်သွားလေသည်။အန်တီက
" ကုဋေ သမီးပျို ကို အန်တီ ဆုံးရှုံးရတော့မှာလားဟင် "
" စိတ်မပူပါနဲ့ ကုဋေ တို့ ရအောင်ကုပါ့မယ် ၊ အခုလဲ Doctor က အဆိပ်တွေကို စုပ်ထုတ်လိုက်ပြီလို့ပြောပါတယ် စိတ်မပူနဲ့တော့နော် "
" ဘန်ကောက်ကိုဆိုလား သွားဖို့လိုအပ်လာတယ်ဆိုရင် အန်တီမတက်နိုင်ဘူး ကုဋေ ရယ် " အန်တီ့ရဲ့စကားကို မာမီ က ကြားဝင်ပြီး
![](https://img.wattpad.com/cover/333892848-288-k715872.jpg)
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
حركة (أكشن)မာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး