High Way လမ်းအတိုင်းမောင်းလာရင် မမ ကို လှည့်ကြည့်လိုက်တော့ ကူရှင်ကိုမှီပြီးမှေးနေရှာတယ် (အားကိုးရမလားမှတ်တယ် ငိုက်မှာစိုးလို့စကားပြောပေးမယ်ထင်တာ) ပျို လဲ ကြည့်လိုက်ပြီး နှုတ်ခမ်းလေး မဲ့လိုက်မိသည်။နောက်က မာမီကလဲ ကားမူးတက်လို့ဆိုပြီး ကားထွက်ထဲ က အိပ်တာ ပြောမနေနဲ့တော့
" မမကုဋေ"
"ဟင် " မျက်လုံးမဖွင့်ပဲ ပျို့ကိုထူးတယ်
" ၁၁၅ မိုင် ရောက်ရင် နားဦးမှာလား မမကုဋေ " ည ၇ နာရီ ကျော်နေပြီ မိုင် ၁၀၀ လောက်လဲ ရောက်နေပြီ မို့ ပျို မေးလိုက်ခြင်းဖြစ်သည်။
" အင်း နားမယ်လေ တစ်ခုခုလေးစားရအောင် အခု ဘယ်ရောက်ပြီလဲ "
" ၁၀၃ မိုင် ပါ မမကုဋေ "
" အင်း ၁၁၅ မိုင် ရောက်လဲ နားလိုက် "
" ဟုတ် မမကုဋေ " ပျို လဲ ပြောပြီး မိုးချုပ်လာတာမို့ ကားကိုဂရုတစိုက်မောင်းနှင်နေသည် ။ တစ်ချက်ချက် မမ ရဲ့ မျက်လုံးမှိတ်ထားတဲ့ မျက်နှာလေး ကို ပျို့ ရင်ကိုလှုပ်ခတ်စေတာတော့အမှန်
၁၁၅ မိုင် ရောက်တော့ Daw Moe လယ်တော သို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေး အတိုင်း ပျိုလဲ မောင်းဝင်ခဲ့လိုက်တယ်
ဆိုင်ရှေ့ ရောက်တော့
" မမကုဋေ ရောက်ပြီ " မမကုဋေ ကို ပြောပြီး နောက်ခန်းမှာအိပ်နေတဲ့ မာမီ့ ဘက်လှည့်ကာ
" မာမီ ၊ မာမီ "
" ဟင်! " အိပ်ချင်မူးတူး နဲ့ မာမီက ထူးတာပေါ့
" မာမီ ထ တော့ ကလောရောက်ပြီ " ပျို က စ လိုက်သည်
" ဟင် တကယ်ကြီးလား " အံသြတကြီး ထ ထိုင်ပြီးမေးတဲ့ မာမီ့ကို ကြည့်ပြီး ပျို ရယ်လိုက်တော့တယ်
" စတာပါ မာမီ ရယ် ၁၁၅ မိုင် ရောက်တာ ထမင်းစားနားတာ " ဟုပြောပြီး ပျို က ကားကို စက်သတ်လိုက်သည် ။ မမ လဲ ကားပေါ်က ဆင်းနေပြီ မို့ ပျိုလဲ မမနောက်က လိုက်ဆင်းခဲ့သည်။ မာမီကလဲ အနောက်က ဆင်းလိုက်လာတာမို့ ပျို ကားကို Lock ချပြီး မမ က Toliet ဘက် သွားနေတာမို့ ပျို လဲ လိုက်ခဲ့လိုက်တယ်
![](https://img.wattpad.com/cover/333892848-288-k715872.jpg)
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
Actionမာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး