Rose BBQ ဆိုတဲ့ ဆိုင်ရှေ့ ရောက်တော့ ကားကိုရပ်လိုက်ပြီး
ပျို က ဖုန်းခေါ်လိုက်တယ်" Hello Rose BBQ က ပါလား ရှင့်"
" .........."
" ဟုတ်ကဲ့ ကျွန်မ မော်ဒယ် ဆူးပန်းကုဋေ ရဲ့ မန်နေဂျာပါ "
" ..............."
" ဟုတ်ကဲ့ ကျွန်မ တို့ ဆိုင်ရှေ့ရောက်နေပါပြီ ကားလမ်းတစ်ဖက်ခြမ်းက Toyota Rush အဖြူရောင်လေးပါ "
"..............."
" ဟုတ်ကဲ့ ရောက်လာတာ လူမမြင်စေချင်လို့ ဘယ်လိုလေးလုပ်ပေးမလဲမသိဘူး " ပျို ဖုန်းပြောနေတာကို ကုဋေ ဘေးကကြည့်ပြီး ကျေနပ်မိစေတယ်
"..............."
" ဟုတ်ကဲ့ ဒါဆို ကျွန်မ တို့ ကားထဲကနေပဲ စောင့်နေလိုက်ပါ့မယ် " ပျို က ဖုန်းကို ချလိုက်ပြီး Car Box ထဲက Mask တစ်ခုကို ထုတ်ကာ
ကုဋေ့ ဘက်သို့ လှည့်ပြီး" မမ Mask လေး တပ်လို့ အဆင်ပြေမလား " ကုဋေ လဲ ခေါင်ညိမ့်ပြပြီး Mask ကို ယူလိုက်တယ်
ဆိုင်ထဲက လူနှစ်ဦး က ထွက်လာပြီး ကားကို Parking ထိုးဖို့ ညွှန်ပြတော့ ပျို က ကားစက်နှိုးပြီး ပြန်ဝိုက်ကာ Car Parking ထိုးလိုက်တယ် ကားဘေးက လုံခြုံရေးလို့ ထင်ရတဲ့ သူ နှစ်ဦးက ကုဋေ့ ကို ကားတံခါးဖွင့်ပြီး ဆိုင်ရဲ့ အတွင်းလမ်းနေ ပတ်ခေါ်ကာ ဧည့်သည် Room ကို ခေါ်လာခဲ့သည် ဒီတစ်ခါတော့ ပျို့ ရဲ့ ကျေးဇူးနဲ့ Camara တွေ နဲ့ လွတ်သွားတာတော့ အမှန် နန္ဒီ တောင် ဒီလို မလုပ်ပေးဖူးခဲ့ပေ ဒီကောင်မလေးကို ကုဋေ စိတ်ထဲကနေ အမှတ်တွေ ပေးနေမိလိုက်တယ်
ကုဋေ တို့ ရောက်တယ်ဆိုရင်ပဲ ဆိုင်ရဲ့ Manager က ရောက်လာကာ" ကျွန်တော် Rose BBQ ရဲ့ Manager ဝင်းနိုင်ထွန်းပါ " ကုဋေ က ပြုံးပြလိုက်တယ်
" ခဏနေ ပွဲစတော့မှာဆိုတော့ ပွဲ စ တာနဲ့ ကျွန်တော်လာခေါ်ခဲ့ပါ့မယ် လိုအပ်တာလေးများရှိရင် အခန်းရဲ့ အပြင်မှာ ဝန်ထမ်းရှိပါတယ် ဗျ "
" ဟုတ်ကဲ့ပါ " ဆိုင်မန်နေဂျာ ရဲ့ အပြောကို ပျို က ပဲ ဖြေလိုက်တယ်
ဆိုင်မန်နေဂျာ ပြန်ထွက် သွားတော့
" မမ ဘာသောက်မလဲ "
![](https://img.wattpad.com/cover/333892848-288-k715872.jpg)
YOU ARE READING
မြေခခဲ့ရသောအသည်းပန်း
Aksiမာနခဲမင်းသမီးလေးနဲ့မန်နေဂျာမလေး တို့ရဲ့ အနေနီးစပ်တဲ့အချစ်ဇာတ်လမ်းလေး အခက်ခဲတွေကြားက ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ဖတ်ရှူးပေးကြပါဦး