အပိုင်း ၁၂

3.5K 171 0
                                    

ပျို အိပ်ပျော်နေတုန်း ပျို့ ဖုန်းက Ring မြည်လာလို့ ယူကြည့်လိုက်တော့ မေမေ ဆက်တာဖြစ်နေတယ် ပျို လဲ နာရီကြည့်လိုက်ကာ ( အာ ၇ နာရီထိုးနေပြီပဲ)ညက အတွေးများနေတာနဲ့ တော်တော်နဲ့အိပ်မပျော်သောကြောင့် အိပ်ယာထ နောက်ကျနေခြင်းဖြစ်သည် ပျိုလဲ ဖုန်းကို အမြန်ကိုင်လိုက်ပြီး

" ဟဲလို မေမေ "

" သမီး တို့ ဘယ်ချိန်လာမှာလဲ "

" မသိသေးဘူး မေမေ ထွက်လာရင် ဖုန်းဆက်လိုက်မယ် နော် "

" အေးအေး...သမီး " ပြောပြီး ဖုန်းချလိုက်ကာ ပျို လဲ ရေအမြန်ချိုးလိုက်သည် ပြီးနောက် ဂျင်းဘောင်းဘီရှည် နဲ့ တီရှပ် လေး တွဲဝတ်ကာ မမ အခန်းသို့လာခဲ့လိုက်သည် ။

မမ က မနိုးသေးတာကြောင့် ပျို လဲ ထုံးစံအတိုင်း Mail တွေ ဖွင့်စစ်ကြည့်လိုက်တယ် (ဟင်)  ပျို မျက်လုံးပြူးသွားရသည် ။ ကလော က လုပ်ငန်းရှင် တစ်ဦး က သူ့ ရဲ့ Bar မှာ သီချင်းဆိုပေးဖို့ ကမ်းလှမ်းထားတာ ဖြစ်သည် ။  ပျို လဲ မမ နားသို့ သွားကာ အပေါ်ကနေအုပ်မိုးကြည့်လိုက်တယ် ဘယ်လိုနှိုးရမလဲ စဥ်းစားနေဆဲမှာပဲ မမ က နိုးလာပြီး

" ဘာတွေကြည့်နေတာလဲ " မမ က ပျို ကြည့်နေတာကို ရိပ်မိသွားတော့ ဒီတိုင်းသဘောရိုးနဲ့ ကြည့်မိတာပေမယ့် ပျို ရှက်မိသွားတာတော့ အမှန်

" မမ ကို နှိုးရင်ကောင်းမလား မနှိုးရင် ကောင်းမလား စဥ်းစားနေတာပါ "

" ဘာကိစ္စ ရှိလို့ လဲ "

" သဘက်ခါကို ကလော က ဦးထွန်းလင်းသာ ဆို တဲ့ သူဌေး က သူရဲ့ Bar မှာ သီချင်းဆိုပေးဖို့ ကမ်းလှမ်းလာတယ် မမ "

"အွန်း လက်ခံလိုက် ကလောဆိုတော့ မနက်ဖြန် သွားရမှာ စရိတ်ငြိမ်း ဆယ်သိန်းလို့ ပြောလိုက် "

" ဟုတ်...ဟို  မမ အိမ်ကို ဘယ်ချိန်သွားမှာလဲ ဟင် " မမ က ပျို့ကို တစ်ချက်ကြည့်လိုက်ပြီး

" အခု ရေချိုးလိုက်ဦးမယ် ပြီးရင်သွားမယ် ရုပ်ဖျက်သွားရမှာဆိုတော့ မင်း ဝတ်ထားတဲ့ ပုံစံ မျိုးပဲ ထုတ်ထားလိုက် "

" ဟုတ်ကဲ့ မမ " မမရေချိုးခန်းထဲ ဝင်သွားတာနဲ့ ပျို လဲ မမ ပြောသလို ဂျင်းရှည်လေးနဲ့ ယောကျာ်းလေးရှပ်လေးကို ရှာပြီးထုတ်လိုက်တယ်

မြေခခဲ့ရသောအသည်းပန်းWhere stories live. Discover now